ရှေ့သို့
Image

စပို့တင်းကွင်းလယ်ကစားသမား ယူဂါတီကို ယူရိုသန်း ၆၀ နဲ့ ခေါ်ယူလိုက်တဲ့ ပီအက်စ်ဂျီ

5:17 PM, 8 July

ပီအက်စ်ဂျီအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းမှ ဥရုဂွေးလက်ရွေးစင် မန်နူရယ်ယူဂါတီကို ယူရိုသန်း ၆၀ (ဒေါ်လာ ၆၅ သန်း) နဲ့ခေါ်ယူပြီး ငါးနှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက်-၁၅ နှစ်အရွယ်မှာ မွေးရပ်မြေကလပ် CA Fenix အတွက် ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ယူဂါတီဟာ ပေါ်တူဂီကလပ်  Famalicao အသင်းထံပြောင်းရွှေ့ပြီးမှ စပို့တင်းအသင်းထံသို့ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အသက် ၂၂ အရွယ် ကွင်းလယ်ကစားသမားဟာ နိုင်ငံ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး ပြီးတဲ့ခဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပါအ၀င် ဥရုဂွေးအသင်းအတွက် စုစုပေါင်း ၈ ပွဲအထိကစားပေးထားပါတယ်။

ယူဂါတီက "ဒီလိုကြီးကျယ်ခမ်းနားတဲ့ကလပ်တစ်ခုကိုပြောင်းရွှေ့ခွင့်ရပြီး ကြီးမားတဲ့ခြေလှမ်းကို လှမ်းနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် အရာအားလုံးကိုပေးဆပ်ပြီးကစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။

အင်တာမီလန်မှ စကင်နီယာနဲ့ ရီးရဲလ်မက်ဒရစ်မှ မာကို အဆန်စီရိုတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပြီးနောက် ယူဂါတီဟာ ပီအက်စ်ဂျီအတွက် တတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးနေ့တွင် နည်းပြခရစ်စတိုဖာ ဂယ်တီယာကို ထုတ်ပယ်ခဲ့ပြီး ဘာစီလိုနာနှင့် စပိန်နည်းပြဟောင်း လူး၀စ်အင်းနရစ်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #စပို့တင်း #ယူဂါတီ