ရှေ့သို့
Image

ကိုင်ဆီဒို အတွက်သန်း ၁၀၀ အထက်လိုချင်နေတဲ့ ဘရိုက်တန်

10:05 AM, 7 July

ဘရိုက်တန်အသင်းကတော့ သူတို့စတား ကိုင်ဆီဒိုအတွက် အာဆင်နယ်ကို ပြောင်းခဲ့တဲ့ ရိုက်စ်နည်းတူ ပေါင်သန်း ၁၀၀ ကျော်လောက် အလိုရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ရိုက်စ်အတွက် ပေါင် ၁၀၅ သန်းလောက်အထိ ပေးချေခဲ့ရပြီး ၅ သန်းကို အပိုဆုကြေးပေးချေရမှာ ဖြစ်ပါတယ်။ ဘရိုက်တန်ကတော့ သူတို့စတားအတွက် အာဆင်နယ်ကို ပြောင်းခဲ့တဲ့ ရိုက်စ်နည်းတူ ပေါင်သန်း ၁၀၀ ကျော်လောက် အလိုရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ကိုင်ဆီဒိုကို စိတ်ဝင်စားနေဆဲဖြစ်ကာ ပိုချက်တီနိုလက်အောက်မှာ ပြန်လည်တည်ဆောက်လိုနေပြီး မြင့်မားတဲ့ တန်ကြေးမျိုးပေးချေဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် အီကွေဒေါသားကို ရိုက်စ်နဲ့ နှိုင်းယှဉ်နေပြီး အဆိုပါတန်ကြေးမျိုးလိုချင်နေပါတယ်။

ချဲလ်ဆီးဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ပေါင် ၁၀၆ သန်းနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လက်ရှိကွင်းလယ်မှာ ကန်တီ၊ ကိုဗာဆစ်၊ လိုတပ်ဖ်ချိတို့ မရှိတော့တာကြောင့် ချဲလ်ဆီးက အန်ဇိုကို ကိုင်ဆီဒိုနဲ့ တွဲဖက်ပေးချင်နေပါတယ်။

ဘရိုက်တန်ဟာ ဇန်နဝါရီတုန်းက ကိုင်ဆီဒိုကို ၂ ကြိမ်တိုင်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပြီး ဒုတိယအကြိမ်က ပေါင်သန်း ၇၀ လို့သိရပါတယ်။ အဲ့နောက် ၂၀၂၇ + ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါတဲ့ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ပါတယ်။ ကိုင်ဆီဒိုကို ဘရိုက်တန်အလုပ်သမားဟောင်း လက်ရှိချဲလ်ဆီးစတား ဝင်စတန်လေကလည်း ခေါ်ယူချင်နေပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါ်တာအပြင် ကူကူရယ်လာကိုလည်း ခေါ်ယူခဲ့ပါတယ်။ ဘရိုက်တန်ဟာ ကိုင်ဆီဒိုကို ပေါင် ၄ သန်းတည်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုတော့ ပေါင်သန်း ၁၀၀ လောက်လိုချင်နေကာ လက်ရှိမှာ အလစ္စတာကို လီဗာပူးထံ ရောင်းချထားပြီးဖြစ်ပါတယ်။

#ဘရိုက်တန် #ပရီးမီးယားလိဂ် #ကိုင်ဆီဒို