ရှေ့သို့
Image

ဆော်ဒီအသင်းတွေက စိတ်ဝင်စားနေတဲ့ သီယာဂိုကို ရှင်းထုတ်ဖို့ လီဗာပူးပြင်ဆင်နေ

1:29 PM, 5 July

လီဗာပူးအသင်းဟာ ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာကို ရှင်းထုတ်ချင်နေပြီး ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကာ ဆောက်သမ်တန်စတား လီဗီယာနဲ့ အစားထိုးချင်နေပါတယ်။စပိန်သားရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲ ရောက်နေပြီဖြစ်ကာ ဆော်ဒီကလပ်တွေက ခေါ်ယူချင်နေပါတယ်။

လီဗာပူးဟာ ကွင်းလယ်ပိုင်းပြန်လည်တည်ဆောက်လိုနေပြီး အလစ္စတာ ၊ ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူထားကာ စပိန်သားက ထွက်ခွာဖို့များနေပါတယ်။ တရားဝင်ကမ်းလှမ်းတဲ့ အသင်းမရှိသေးပေမယ့် ကနဦးချဉ်းကပ်မှုတွေတော့ ရှိနေတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်သားဟာ ကနဦးကမ်းလှမ်းမှုတစ်ခုကို ပယ်ချထားကာ အန်ဖီးလ်မှာပဲ ဆက်နေချင်နေတယ်လို့ သိရပါတယ်။

လီဗာပူးဘက်ကတော့ သီယာဂိုကိုရောင်းချပြီး ဆောက်သမ်တန်စတား လီဗီယာနဲ့ အစားထိုးချင်နေပါတယ်။ ဘယ်လ်ဂျီယံ လူငယ်စတားကို ပရီးမီးယားလိဂ်ကလပ်အသင်းတော်တော်များများက အလိုရှိနေကြပါတယ်။ လီဗာပူး အသင်းဟာ အဆိုပါအသင်းတွေထဲကတစ်သင်းဖြစ်ပြီး မန်စီးတီး ကစားသမားဟောင်းကို ကနဦးချိတ်ဆက်မှုတွေလုပ်ထားတာဖြစ်ပါတယ်။

လီဗီယာဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အတွက် ၂၉ ပွဲအတွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ စိန့်ကတော့ သူတို့ကစားသမားအများအပြားထွက်ခွာမှုကို ပြင်ဆင်ထားကာ လီဗီယာလည်း ထွက်ခွာမှာဖြစ်ပါတယ်။

လီဗာပူးဟာ ကွင်းလယ်ပိုင်းတည်ဆောက်ဖို့ မက်အလစ္စတာနဲ့ ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ကာ ကလော့ပ်က မေဆင်မောင့်ကို အလိုရှိခဲ့ပေမယ့် လီဗီယာကိုသာ အခုအာရုံစိုက်လာပါတယ်။

#လီဗာပူး #သီယာဂို #ပရီးမီးယားလိဂ် #လီဗီယာ