ရှေ့သို့
Image

မန်စီးတီးအတွက် ကစားပေးခဲ့တာကြောင့် မုဒိမ်းမှုကနေ ရှောင်ရှားမယ်လို့ မန်ဒီက ထင်ခဲ့ကြောင်း သူငယ်ချင်းကို ပြောပြခဲ့တဲ့ မုဒိမ်းမှုကျူးလွန်ခြင်းခံခဲ့ရတဲ့အမျိုးသမီး

9:15 AM, 4 July

ပရီးမီးယားလိဂ်ကလပ်ရဲ့ စွန့်လွှတ်ခြင်းကိုခံခဲ့ရတဲ့ ဘယ်နောက်တန်းကစားသမားဟာ သူ့ရဲ့အိမ်မှာ ပါတီပွဲတစ်ခုကျင်းပနေစဉ်အတွင်း အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပါတယ်လို့ စွပ်စွဲခံထားရတာပါ။မုဒိမ်းမှုကျူးလွန်ခြင်းခံရမှု အပြီးတွင် သူမဟာ သူငယ်ချင်းတစ်ဦးထံ မက်ဆေ့ချ်ပို့ထားတာကို Chester Crown တရားရုံးက ကြားနာခဲ့ရပါတယ်။

သူမက "ငါ ငိုလို့ မဆုံးနိုင်တော့ပါဘူး။ သူက စီးတီးကစားသမား တစ်ဦးပါ။ ပရီးမီးယားလိဂ်က ဘောလုံးသမားပါ။ အဲဒါကြောင့် သူ့က ရုန်းထွက်နိုင်မယ်လို့ ထင်ခဲ့တာ" လို့ စာရေးသားထားတာပါ။ အမျိုးသမီး ၂ ဟု အမည်ပေးထားတဲ့ ကျူးလွန်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးက အဆိုပါကိစ္စကို လုံးဝ မပြောဖို့ သူငယ်ချင်းအား ပြောကြားခဲ့ပါတယ်လို့ ဆိုထားပါတယ်။

ဘောလုံးသမားဟာ ဝန်ခံဖို့ တွန်းအားပေးခြင်းခံခဲ့ရသော်လည်း မပြောချင်ဘူး။ မလုပ်ချင်ဘူးလို့ ပြောခဲ့ပါတယ်လို့ အမျိုးသမီးက ပြောထားပါတယ်။ မန်ဒီဟာ မုဒိမ်းမှု တစ်ကြိမ်နှင့် အမျိုးသမီး နှစ်ဦးအား မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု တစ်ကြိမ်ဖြင့် စွပ်စွဲခံထားရတာပါ။ အမှုအားစစ်ဆေးပြီးနောက် ပြင်သစ်လက်ရွေးစင် ကစားသမားဟာ အခြားစွဲချက်များအတွက် အပြစ်မရှိကြောင်း တရားသူကြီးများက ပြောကြားခဲ့ပါတယ်။

ဘားတစ်ခုတွင်တွေ့ပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မန်ဒီဟာ အမျိုးသမီး ၂ အား "အတင်းအကြပ်" အဓမ္မပြုကျင့်ပုံကို ပြန်လည်စမ်းစစ်မှုတွင် ကြားသိခဲ့ရပါတယ်။ သူမဟာ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ အိမ်ပြန်ဖို့ ဖိတ်ကြားခံခဲ့ရပြီး နောက်ပိုင်းမှာ လက်ကိုင်ဖုန်းတွေကို လွှဲပြောင်းပေးဖို့ ပြောခဲ့တယ်လို့ ဆိုထားပါတယ်။ အမျိုးသမီး ၂ က မန်ဒီ နောက်ကနေ အခန်းအတွင်းသို့ လိုက်သွားခဲ့ပြီး အဆိုပါ အခန်းတံခါးတွေကို အတွင်းပိုင်းသော့ခတ်သည့်စနစ်ဖြင့် သော့ခတ်ခြင်းခံခဲ့ရပါတယ်လို့ စွပ်စွဲထားပါတယ်။

မန်ဒီက သူမကို ကိုယ်လုံးတီးမြင်ရရင် ဖုန်း ပြန်ပေးမယ်လို့ တရားသူကြီးတွေက ကြားခဲ့ပြီး တိုင်ကြားသူက "ငါ နင်နဲ့ လိင်မဆက်ဆံချင်ဘူး" ဟုပြောဆိုပြီး တိုင်ကြားခဲ့ပါတယ်။ "မင်းအဝတ်အစားတွေချွတ်လိုက် မင်းကိုကြည့်ချင်တယ်၊ ငါမင်းကိုမထိဘူးဆိုပြီး ကတိပေးတယ်။ မင်းရဲ့ပုံစံကို ငါမြင်ချင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ငါမြင်ချင်တယ်၊ မင်းရဲ့ * ကို မြင်ချင်တယ်၊ မင်းရဲ့ ** က အရမ်းကြီးတယ်" လို့ မန်ဒီက ပြောခဲ့တာပါ။ ငြင်းဆန်ခဲ့သော်လည်း မန်ဒီက အဓမ္မပြုကျင့်ခဲ့တယ်လို့ သူက ဆိုထားပါတယ်။ "အရမ်းရှက်လွန်းတာပဲ ငါဆိုရင် အမျိုးသမီး ၁၀၀၀၀ လောက်နဲ့ လိင်ဆက်ဆံဖူးတယ်" လို့ မန်ဒီက ပြောခဲ့ပါတယ်။

မန်ဒီရဲ့အိမ်ရှိစုဝေးပွဲတစ်ခုတွင် အမျိုးသမီး ၁ ဟာ ပစ်မှတ်ထားခံရကြောင်း တရားသူကြီးများက ပြီးခဲ့သည့်အပတ်က ကြားသိခဲ့ရပါတယ်။ မန်ဒီဟာ ရေချိုးခန်းထဲသို့ လိုက်လာပြီးနောက် မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ပါတယ်လို့ သူမက ဆိုထားပါတယ်။ ချုပ်နှောင်ထားစဉ် ပြင်သစ်ဘာသာဖြင့် မန်ဒီကို "ရပ်ရန်" ထပ်ခါတလဲလဲ တောင်းဆိုခဲ့ကြောင်း တရားရုံးသို့ သူမ က ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် သူမအား "စိတ်မပူပါနဲ့။ ကြောက်နေတာလား" လို့ မန်ဒီက ပြောခဲ့ပါတယ်။

နောက်ပိုင်းတွင် အမျိုးသမီးက " ဒါကသာမှန်ကန်တဲ့ စကားလုံးဖြစ်ရင် ငါက မန်ဒီရဲ့လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာပါပဲ" လို့ ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဘောလုံးသမားက သူ့ကို သွားခွင့်မပြုဘူးခဲ့ပါဘူးလို့ သူမက ပြောထားခဲ့ပါတယ်။

မန်စီးတီးဟာ ၂၀၁၇ ခုနှစ်တွင် မန်ဒီကို ပြင်သစ်ကလပ် မိုနာကိုကနေ ပေါင် ၄၉.၂ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအစ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၁ ရက် တော့တင်ဟမ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်ဒီက မန်စီးတီးအတွက် နောက်ဆုံးကစားပေးခဲ့တာပါ?

၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက မန်ဒီဟာ ဒဏ်ရာကြောင့် အနည်းဆုံး တစ်လခန့် နားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စွဲချက်တင်ခံရပြီးနောက် စုံစမ်းစစ်ဆေးမှုပြလုပ်နေစဉ်အတွင်း သူဟာ ဆိုင်းငံ့ခြင်းခံခဲ့ရပါတယ်။

မန်ဒီဟာ မုဒိမ်းမှု တစ်ကြိမ်နှင့် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု တစ်ကြိမ်တို့ကို ငြင်းဆိုထားပါတယ်။

#မန်စီးတီး #မန်ဒီ #ပရီးမီးယားလိဂ်