ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်တဲ့ ရွိုင်းဟော့ဆန်

9:05 AM, 4 July

အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြဟာ ပြီးခဲ့တဲ့ရာသီမကုန်မီ မတ်လမှာ ပဲ့လေစ်အသင်းသို့ နည်းပြအဖြစ် ဗီအဲရာရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

သူသည် ပဲလေ့စ်ကို တန်းဆင်းဇုန်လွှတ်မြောက်အောင် ပို့ဆောင်ပေးခဲ့ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ကာ သူကိုင်တွယ်ခဲ့တဲ့ ၁၀ ပွဲတွင် ၁၈ မှတ်ရယူခဲ့နိုင်ခဲ့ပါတယ်။ ပဲလေ့စ်မှာ ဆက်နေခွင့်ရတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိကြောင်း ဟော့ဆန်က ပြောထားပါတယ်။

"ကျွန်တော်တို့က ဒီမှာ ဘယ်လောက်ကောင်းတဲ့အသင်းဆိုတာ သိပါတယ်။ ဒါမှာ ပရီးမီးယားလိဂ်နဲ့ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့အတူ အလားအလာကောင်းတဲ့လူငယ်တွေ ရှိနေပါတယ်" "ကျွန်တော်က ဥက္ကဌနဲ့ အချိန်ကြာကြီးပြောပြီးပြီ၊ ဒီလိုအရည်အချင်းတွေကနေ အကောင်းဆုံးရယူဖို့ ရည်မှန်းချက်ကြီးကြီးထားရမယ်လို့ ကျွန်တော်တို့တွေ သဘောတူထားပါတယ်" "ဒါကြောင့် ကျွန်တော်တို့က အဆင့်၁၀ နေရာဖြင့် ရာသီပိတ်သိမ်းနိုင်ဖို့ ပန်းတိုင်ကို ချမှတ်ထားပြီး၊ ဒီလို အံ့သြဖွယ်ကောင်းတဲ့ ကစားသမားတွေနဲ့ တစ်ပတ်ပြီးတစ်ပတ် အသင်းရဲ့နောက်မှာ အကောင်းဆုံးအားပေးတဲ့ ပရိသတ်တွေနဲ့ အတူ ထူးထူးခြားခြား အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ဟော့ဆန်က ပြောပါတယ်။

ဟော့ဆန်ဟာ ပဲလေ့စ်မှာ၂၀၁၇ ခုနှစ်ကနေ ၄နှစ်အကြာအထိ ရှိခဲ့သော်လည်း၂၀၂၁ခုနှစ်တွင် ဘောလုံးလောကမှထွက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြဟောင်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဝက်ဖို့ဒ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသော်လည်း ချန်ပီယံရှစ်သို့ တန်းဆင်းသွားပြီးနောက် ၅ လအကြာတွင် ထွက်ခွာခဲ့ပါတယ်။

ဟော့ဆန်ရဲ့ ပဲလေ့စ်သို့ ပြန်မရောက်မီ ဗီအဲရာလက်အောက်၌ အသင်းဟာ ပြိုင်ပွဲအရပ်ရပ်တွင် ၁၂ အထိ အနိုင်မရရှိခဲ့တာပါ။ ဟော့ဆန်ရဲ့ နည်းပြဘ၀သက်တမ်းက ၄၅ နှစ်ကျော်ကြာခဲ့ပြီး အင်တာမီလန်၊ ဘလက်ဘန်းရိုဗာ၊ ဖူလ်ဟမ်၊ လီဗာပူးနှင့် ဝက်စ်ဘရွန်းအသင်းတို့တွင်လည်း နည်းပြခဲ့သလို ဆွစ်ဇာလန်၊ ယူအေအီးနှင့် ဖင်လန်နိုင်ငံတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ #ရွိုင်းဟော့ဆန်