ရှေ့သို့
Image

ဂရူလာကို ရီးရဲလ်မက်ဒရစ်အား ကျော်ဖြတ်ပြီး ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ ဘာစီလိုနာ

8:53 AM, 3 July

ဘာစီလိုနာအသင်းဟာ ရီးရဲလ်အသင်းကို ကျော်ဖြတ်ပြီး ဖီနာဘာချီစတား အာဒါဂရူလာကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

အသက် ၁၈ နှစ်သားဟာ တူရကီမက်ဆီလို့ နာမည်ကြီးနေပြီး ရီးရဲလ်အသင်းက စိတ်ဝင်စားခဲ့ပြီးနောက် ဘာစီလိုနာက အလျင်အမြန်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းဌာန မန်ဒိုရဲ့အဆိုအရ ဘာစီလိုနာဒါရိုက်တာ ဒေကိဟာ တူရကီကို သွားပြီး ဂရူလာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ ဂရူလာဟာ ဖီနာဘာချီဟာ တစ်နှစ်လောက် ဆက်နေဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာဟာ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ ခေါ်ယူပြင်ဆင်နေကာ လက်ရှိဘဏ္ဍာရေးအခြေအနေကြောင့်လည်း ကစားသမားသစ် ခေါ်ယူလို့ရနိုင်တာဖြစ်ပါတယ်။

ဂရူလာအနေနဲ့ ဘာစီလိုနာကို ပြောင်းဖြစ်ရင်တောင် ကစားသမားအများအပြားထွက်ခွာမှသာ မှတ်ပုံတင်နိုင်ဖွယ်ရှိနေပါတယ်။ ဒေကိုကတော့ ဂရူလာကို အသင်းရဲ့အစီအစဉ်ပြောပြပြီး ပြောင်းလာဖို့ စည်းရုံးမှာဖြစ်ပါတယ်။ ဂရူလာရဲ့နည်းစနစ်ပိုင်းဟာ ဘာစီလိုနာရဲ့ကစားဟန်နဲ့ အံဝင်နိုင်တာဖြစ်ပြီး မက်ဆီနဲ့ ခိုင်းနှိုင်းခံနေရတာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ဖီနာဘာချီတို့ဟာ အပြောင်းအရွှေ့ဖြစ်မြောက်ရင်တောင် တစ်ရာသီအငှားပြန်ချပေးဖို့ တောင်းဆိုဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဥရောပမှာ အစမ်းသပ်ခံချင်နေတာကြောင့် အပြောင်းအရွှေ့ကဖြစ်လာဖွယ်ရှိနေပါတယ်။

ရီးရဲလ်ကလည်း တူရကီသားကို စိတ်ဝင်စားနေပြီး ရောဘတ်တိုကားလို့စ် ၊ အီမီလီယိုတို့ကိုလွှတ်ပြီး စည်းရုံးခိုင်းဖွယ်ရှိနေပါတယ်။ ဂရူလာဟာ ဂန်ဆာဘရီလီဂီ အသင်းထံကနေ ဖီနာဘာချီထံ ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၁ မှာ စီနီယာပွဲထွက်ခွင့်ရရှိခဲ့ကာ ၅၁ ပွဲမှာ ၉ ဂိုးသွင်း ၊ ၁၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

နိုင်ငံအသင်းအတွက်တော့ ၄ ပွဲ ပါဝင်ကစားခွင့်ရထားကာ ပထမဆုံး စီနီယာဂိုးကို ပြီးခဲ့တဲ့လက ဝေးလ်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ဖီနာဘာချီ #ဂရူလာ