ရှေ့သို့
Image

သူ့ရဲ့နည်းပြအဖွဲ့ထံကနေ ဘာတွေမျှော်လင့်နိုင်သလဲဆိုတာ ပြောကြားလိုက်တဲ့ ပိုစတီကဂိုဂလူ

2:56 PM, 2 July

မြောက်လန်ဒန်ကလပ်ရှိ သူရဲ့ပထမဆုံးအလုပ်စတင်သည့်နေ့တွင် ပိုစတီဂိုဂလူက တော့တင်ဟမ်ပရိသတ်တွေကို ကတိတစ်ခုပေးခဲ့ပါတယ်။


အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ပိုစတီဂိုဂလူဟာ ပြီးခဲ့သည့်လက အန်တိုနီယိုကွန်တီ၏နေရာကို ဆက်ခံမည့်သူအဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့တဲ့ အသင်းအား ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်တက်ရန် တာဝန်ပေခြင်းခံခဲ့ရတာဖြစ်ပါတယ်။


အရင်က ကွန်တီနှင့် မော်ရင်ဟိုတို့လို နာမည်ကြီး နည်းပြများ ရောက်ရှိလာခဲ့သော်လည်း တော့တင်ဟမ်ဟော့ ပရိသတ်တွေက သဘောကျမခဲ့ကြတာဖြစ်ပါတယ်။


ဆဲလ်တစ်နှင့်အတူ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ ပိုစတီဂိုဂလူဟာ ရာသီကြိုအတွက်စတင်ရန် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာချိန်တွင် ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် စိတ်လှုပ်ရှားစေရမည်ဟု ကတိပြုခဲ့ပါတယ်။


"ကျွန်တော်က အနိုင်ယူရတာကို နှစ်သက်တယ်၊ အဲ့ဒါက အဓိကပါပဲ။ ကျွန်တော် ဘယ်ကိုပဲရောက်ရောက်အကောင်းဆုံးလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးဆိုတာက အောင်မြင်မှုတွေ ယူဆောင်လာဖို့ ရည်ရွယ်တာပါ'' 


"ဒါ့အပြင် ပရိသတ်အများစုနဲ့ ကစားသမားအများစုကို ဆက်စပ်ပေးချင်တဲ့ အရာတစ်ခုက ကျွန်တော့်အတွက် တကယ်ကို အရေးကြီးတယ်။ ဘောလုံးပွဲဆိုတာ လူတွေပြောနေကြတဲ့ စိတ်လှုပ်ရှားစရာပါ"


'ဒါဟာ အဆုံးအဖြတ်ရလဒ်သာမကဘဲ ဘောလုံးကစားပုံက ကျွန်တော့်အတွက် တကယ်အရေးကြီးတယ်ဆိုတော့ ဒါကို အောင်မြင်မှုနည်းလမ်းတစ်ခုလို့ ထင်မိပြီး ဒုတိယကတော့ လူတွေကို ဖမ်းစားနိုင်စေကာ ကျွန်တော်တို့ရဲ့ပွဲနဲ့ပတ်သက်တဲ့ အထူးခြားဆုံးအရာလို ထင်ပါတယ်"


"ဒါကြောင့် ကျွန်တော်က လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားမှာပါ။ ကဏ္ဍပေါင်းစုံမှာ မှန်ကန်တယ်လို့ ဘယ်တော့မှ မသိနိုင်ပေမယ့် အဲဒါရဲ့ အခြေခံကတော့ ကျွန်တော်တို့ဟာ အဲ့ဒိအရာတွေကို အနိုင်ယူနိုင်တဲ့ အသင်းတစ်သင်း ဖြစ်ချင်ပါတယ် ဒါပေမယ့် နောက်ဆုံးမှာ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးမယ့် အသင်းပါ"


"ကစားသမားတွေကို ပြင်ဆင်ဖို့ ရက်သတ္တပတ် ၆ ပတ် လောက်ရှိပြီး ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးရက်သတ္တပတ်မှာ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ နည်းပြက ပြောပါတယ်။


ပိုစတီဂိုဂလူဟာ လက်စတာမှ မက်ဒီဆင်ကို ဒေါ်လာ ၄၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး  အီတလီဂိုးသမား ဗီကာရီယို ကိုလည်း ခေါ်ယူအားဖြည့်ထားကာ ဂျူဗင်တပ်စ်မှ ဒီဂျန်ကူလူလက်စကီးကိုလည်း အငှားစာချုပ်ကနေ အပြီးသတ်ခေါ်မှုပြုလုပ်ထားပါတယ်။


အသက် ၅၇ နှစ်အရွယ်ရှိ ပိုစတီဂိုဂလူနှင့် ဖုန်းပြောဆိုမှုအတွင်း သူအံ့အားသင့်သွားခဲ့ကြောင်း မက်ဒီဆင်က ထုတ်ဖော်ပြောကြားခဲ့ပြီး အလားတူပင် သြစတြေးလျနိုင်ငံသားက မက်ဒီဆင်နှင့် ဗီကာရီယိုတို့ရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးခဲ့ပါတယ်။


"'သူတို့ ၂ ဦးစလုံးက အရမ်းကိုကောင်းတဲ့ ကစားသမားတွေပါ။ သူတို့နဲ့စကားပြောတဲ့အခါ သူတို့ရဲ့အသံတွေကို ကျွန်တော်ကြားခဲ့ရပါတယ်။ သူတို့ဟာ အဝတ်လဲခန်းထဲကို ခေါ်သွင်းဖို့ မှန်ကန်တဲ့သူတွေဆိုတာ ကျွန်တော်သိပါတယ်" လို့ နည်းပြက ပြောပါတယ်။


ပိုစတီဂိုဂလူကတော့ ဟယ်ရီကိန်းရဲ့ အနာဂတ်အပေါ် မရှင်းလင်းနေခြင်းနဲ့ လုပ်စရာများရှိနေတာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေက ပိုပြီးအားကောင်းလာနေတာဖြစ်ပါတယ်။


#တော့တင်ဟမ် #ကွန်တီ #အပြောင်းအရွှေ့ #မော်ရင်ဟို #ပရီးမီးယားလိဂ် #ပိုစတီဂိုဂလူ