ရှေ့သို့
Image

စပိန်ကျွန်းတွင် မင်္ဂလာပွဲအကြို အခမ်းအနားပြုလုပ်နေကြတဲ့ ဒေးဗစ်ဒီဂီယာနှင့် ချစ်သူရဂါစီယာ

1:26 PM, 2 July

ယူနိုက်တက်နှင့် စာချုပ်သက်တမ်းမကုန်ဆုံးမီ တစ်ရက်အလိုမှာ ဒီဂီယာဟာ ဇနီးသည်နှင့်အတူ မင်္ဂလာပွဲအကြို အခမ်းအနားတစ်ခုကို ပျော်ရွှင်စွာကျင်းပနေတာကို တွေ့ရပါတယ်။


ဂိုးသမားဟာ ယခုနှစ်အစောပိုင်းက စာချုပ်ကမ်းလှမ်းမှုကို ပြန်လည်လက်ခံခဲ့ပြီး ကလပ်မှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီးနောက် မသေချာမရေရာတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။


လက်တွဲဖော် ဂါစီယာနှင့် ဒီတစ်ပတ်မှာ လက်ထပ်ပြီးနောက် အသက် ၃၂ နှစ်အရွယ် ဒီဂီယာအား ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိကာ ယူနိုက်တက်အနေနဲ့ လူချင်းတွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိပါတယ်။


သို့သော်လည်း တန်ဟက်က လာမယ့်ရာသီကို စပိန်နိုင်ငံသားနှင့် စတင်ဖို့ အင်တင်တင်ဖြစ်နေပြီး ဒီအချက်ကလည်း အိုးထရက်ဖို့ဒ်မှာ စဉ်းစားစရာအချက်ဖြစ်လာပါတယ်။


စာချုပ်ရဲ့ နောက်ဆုံးအချိန်သို့ ရောက်ရှိနေသော်လည်း စိုးရိမ်မှုလက္ခဏာများမတွေ့ရဘဲ ဒီဂီယာက ဧည်သည်တွေနဲ့ စုရုံးနေတာကို တွေ့ရပါတယ်။


ဒီဂီယာတို့ ၂ ဦးဟာ မနေ့က သူငယ်ချင်းများနှင့် မိသားစုတွေကို စပိန်နိုင်ငံ မန်နော်ကာကျွန်းရှိ ကမ်းခြေတွင် စုဝေးကာ ပါတီပွဲဖြင့် ကြိုဆိုခဲ့ကြပါတယ်။


ဧည့်သည်တွေက အဖြူရောင်ဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ဒီဂီယာကလည်း ထိုကဲ့သို့အရောင်ပါတဲ့ ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဂါစီယာကတော့ ခရင်မ်ဝတ်စုံကို ဝတ်ထားပြီး တောက်ပနေကာ သူငယ်ချင်းများနှင့် စကားစမြည်ပြောဆိုနေပါတယ်။


အဆိုပါ အခမ်းအနားတါင် ဒီဂီယာရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း မာတာကိုလည်း တွေ့ခဲ့ရပါတယ်။


ဒီဂီယာနှင့် ဂါစီယာတို့ဟာ ကြာသပတေးနေ့တွင် သာယာလှပသော ကျွန်းပေါ်သို့ရောက်ခဲ့ကြပြီး မကြာမီတွင် အခမ်းအနားကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။


ဂါစီယာဟာ စပိန်အဆိုတော်၊ မင်းသမီးနှင့် တီဗီတင်ဆက်သူဖြစ်ပြီး ၂၀၁၀ နှောင်းပိုင်း ကင်ဆာကုသမှုအတွက် ရန်ပုံငွေရှာဖွေရန်အတွက် ခရစ်စမတ်တေးသီချင်းရိုက်ကူးနေစဉ် ဒီဂီယာနှင့် စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


သိပ်မကြာခင်မှာ သူတို့နှစ်ဦးကတွဲခဲ့ကြပြီး ၇ လအကြာမှာတော့ ဒီဂီယာဟာ အက်သလက်တီကိုမက်ဒရစ်ကနေ ယူနိုက်တက်သို့ ပေါင် ၁၈ သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့တာပါ။


သူ့ရဲ့ ဇနီးသည်ကတော့ စပိန်တွင် ဆက်လက်နေထိုင်ခဲ့ပြီး အင်္ဂလန်သို့ ပုံမှန်လာရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် မန်ချက်စတာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် သူတို့ဇနီးမောင်နှံဟာ ရာနေအမည်ရှိ ပထမဆုံးသမီးလေးကို မွေးဖွားခဲ့ပါတယ်။


ဒီဂီယာဟာ ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ကနေ လျော့ယူမယ်လို့ မျှော်လင့်ထားသော်လည်း တန်ဟက်ရဲ့ ကြိုတင်ပြောကြားမှုများကြောင့် သက်တမ်းတိုးရန် အခက်အခဲရှိနေပါတယ်။


ဆုံးဖြတ်ချက်မချရသေးဘဲ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ချုပ်ဆိုခဲ့တဲ့ ဒီဂီယာရဲ့ ၄ နှစ်သက်တမ်းရှိစာချုပ်က အခုအခါမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။


သောကြာညက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ယူနိုက်တက်က "ဒီဂီယာရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဂိုးသမားနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်"လို့ ပြောထားပါတယ်။


ယူနိုက်တက်ဟာ ဒီဂီယာရဲ့ မင်္ဂလာပွဲအစီအစဉ်များ၊  မိသားစုနှင့် သီးသန့်အချိန်များကို အနှောင့်အယှက်မဖြစ်စေရန် သတိထားနေသော်လည်း ယခုအချိန်မှာတော့ ဂိုးသမားကို ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်သေးပါဘူး။


ယူနိုက်တက်ဟာ အင်တာမီလန်မှ အိုနာနာကို စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့မှား ပြုလုပ်နေစဉ်အတွင်း အားအဆီးမဖြစ်စေရန် တွမ်ဟီတန်ရဲ့ လူတန်တောင်းသို့ ထွက်ခွာမှုကို ငြင်းဆိုထားပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ် #gossip