ရှေ့သို့
Image

အာဆင်နယ်နဲ့အနာဂတ်ကိစ္စ မကြာခင် ဆွေးနွေးမယ့် နီကိုလက်စ်ပီပီ

12:16 PM, 2 July

အာဆင်နယ်စတား ပီပီက လာမယ့်ရက်အနည်းငယ်မှာ အသင်းထံပြန်လာမှာဖြစ်ပြီး အာတီတာရဲ့ဆက်ဆံရေးအခြေအနေဆိုးဝါးခဲ့တယ်ဆိုတာတွေကို ငြင်းဆန်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်သားဟာ ၂၀၁၉ တုန်းက လိုင်လီထံကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး တန်ကြေးကြောင့် အသင်းမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရကာ ပြီးခဲ့တဲ့ရာသီက နိုက်စ်အသင်းထံအငှားချခံခဲ့ရပါတယ်။


နိုက်စ်ကတော့ ပီပီကို အငှားနဲ့သာ ခေါ်ယူခဲ့ပြီး အပြီးသတ်တော့ မခေါ်ယူခဲ့တာကြောင့် အာဆင်နယ်ကိုပြန်လာာရမှာဖြစ်ပြီး လာမယ့်အပတ် အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်မှာဖြစ်ပါတယ်။

အသက် ၂၈ နှစ်သားဟာ အခုနွေရာသီမှာ ရောင်းချခံရနိုင်တယ်လို့ သိရပေမယ့် ပီပီက အသင်းမှာ ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်ချင်နေကာ အာတီတာနဲ့ဆက်ဆံရေးအခြေအနေက ကောင်းမွန်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။


“ကျွန်တော် အာဆင်နယ်ကိုပြန်လာမှာပါ။ ကျွန်တော် အငှားချခံခဲ့ရပေမယ့် အပြီးသတ်ခေါ်ယူခွင့်တော့ မပါပါဘူး။ ဒါကြောင့် ကျွန်တော် အာဆင်နယ်ကိုပြန်ရမှာပါ။ အနာဂတ်အကြောင်းမသိသေးပါဘူး။ 

ကျွန်တော်ပြန်ရောက်ချိန်မှာ နည်းပြနဲ့ဆွေးနွေးမှာပါ။ လူတိုင်းရဲ့စိတ်ကူးကို ကြည့်ပြီး အနာဂတ်အတွက် ဆုံးဖြတ်မှာပါ။ လူတွေက ကျွန်တော့်ကို ကစားသမားတစ်ဦးအနေနဲ့ သတ်မှတ်ပါတယ်။ 


ဒါပေမယ့် သူ့အသင်းမှာကစားနိုင်တဲ့အနေအထားမျိုးတော့ မဟုတ်ပါဘူး။ သူ့အတွေးထဲမှာ အဲ့တာက လုံးဝမှားပါတယ်။ သူရောက်လာချိန်မှာ သူ့မှာမန်စီးတီးအတွေးအခေါ်ရှိပါတယ်။ သူ့မှာလူစာရင်းရှိနေပြီး အဲ့တာက နေရာတိုင်းမှာ အရည်အချင်း ၊ လူစားဝင်ကစားသမားတွေနဲ့ပြည့်နေတာပါ။

ကျွန်တော့်ကို သူစကားပြောချိန်မှာ သူက ဒီလိုလိုချင်တယ် ၊ ဒါကိုအာရုံစိုက်ရမယ်ပြောခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်ကိုအများကြီးတိုးတက်လာစေသလို သူနဲ့တစ်ချိန်လုံးစကားပြောဖြစ်ပါတယ်။


ကျွန်တော် သူ့လက်ထောက်နဲ့ ဗီဒီယိုတွေတစ်ချိန်လုံးကြည့်ပါတယ်။ သူက ကျွန်တော့်ကိုယုံပါတယ်။ ကျွန်တော့်မှာ မယုံကြည်နိုင်တဲ့အလားအလာရှိတ်ယ်လို့လည်း ပြောပါတယ်။ အဲ့တာကို ငါတို့ဆွဲထုတ်ဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ပထမရာသီကုန်ခါးနီးမှာ ကျွန်တော် သူနဲ့စကားပြောဖြစ်ခဲ့ပြီး ဒုတိယရာသီမှာတော့ ကျွန်တော် လူစားဝင်ခွင့်ပဲရရှိခဲ့ပါတယ်။ ကျွန်တော် ၁၀ ပွဲလောက် လူစားဝင်ကစားခဲ့ရပါတယ်။ 

အဲ့အချိန်တုန်းက ဝီလီယံကိုခေါ်ခဲ့တာပါ။ သူကနံပတ် ၁၀ ဒါမှမဟုတ် တောင်ပံမှာကစားတာပါ။ ဒါပေမယ့် သူတောင်ပံမှာပိုကစားခဲ့ရပါတယ်။ အဲ့နောက်မှာ ကျွန်တော်အခွင့်အရေးရလာခဲ့ပြီး ရှက်ဖီးလ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ကာ ယုံကြည်မှုပြန်ရလာပါတယ်။ 


ကျွန်တော် စကားတော့မပြောရသေးပေမယ့် အေးဂျင့်နဲ့ပြောပြီးရင် ကျွန်တော်တို့ ဆုံးဖြတ်မှာပါ”လို့ ပီပီက ပြောကြားခဲ့ပါတယ်။


#ပီပီ #အာဆင်နယ် #အပြောင်းအရွှေ့ #ပရီးမီးယားလိဂ်