ရှေ့သို့
Image

ယူနိုက်တက် အငှားကစားသမားဘ၀ပြီးခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ဘက်ကြီးတွေထံ ကမ်းလှမ်းလိုက်တဲ့ ဆာဘစ်ဇာ

8:49 AM, 1 July

အသက် ၂၉ နှစ်အရွယ် ဆာဘစ်ဇာဟာ ဒုတိယရာသီဝက်ကို အိုးထရက်ဖို့ဒ်မှာ အငှားကစားခဲ့တာဖြစ်ပြီး ၁၈ ပွဲ ကစားခဲ့ကာ ၃ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

တန်ဟက်အနေနဲ့ ဩစတြေးလျနိုင်ငံသားကို အပြီးသတ်ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ခဲ့သော်လည်း မလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားရဲ့ မိခင်ကလပ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဆာဘစ်ဇာကိုခေါ်ယူဖို့ ဘာစီလိုနာထံ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Sport ရဲ့ အဆိုအရ ဂျာမန်ကလပ်ဟာ ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတာဖြစ်ပါတယ်။
ဆာဘစ်ဇာဟာ ၂၀၂၁ခုနှစ် လိုက်ပ်ဇစ်ကနေ ပေါင် ၁၃ သန်းဖြင့် ရောက်လာကတည်းက ဘိုင်ယန်တွင် အကောင်းဆုံးမလုပ်ပြနိုင်ခဲ့တာပါ။

ဘက်စ်ကွက်စ်ထွက်ခွာသွားပြီးနောက် ဘာစီလိုနာဟာ ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမားသစ် ရှာဖွေနေပြီး ဘိုင်ယန်အနေနဲ့ လာလီဂါကလပ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဆာဘစ်ဇာရဲ့ နာမည်က ယူနိုက်တက်ရဲ့ ဝက်ဆိုဒ်မှာရှိနေသေးကာ ဒဏ်ရာတွေရရှိနေတဲ့ စတားကစားသမားက လာမယ့်ရာသီမှာ အသင်းမှာဆက်ရှိနိုင်နေတဲ့အပေါ် ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။

ယူနိုက်တက်ကိုယ်တိုင်ကလည်း ဈေးကွက်မှာ ကွင်းလယ်ကစားသမားသစ်ရှာဖွေနေပြီး ချဲလ်ဆီးက မေဆန်မောင့်ကို ခေါ်ယူနိုင်ရေး အာရုံစိုက်နေတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မောင့်အတွက် ပေါင် ၅၅ သန်း နှင့် အပိုဆုကြေး ပေါင် ၅ သန်းဖြင့် နှစ်ဖက်စလုံးက သဘောတူညီမှုရရှိခဲ့ပါတယ်။

မောင့်ဟာ ချဲလ်ဆီးအသင်းရဲ့ တစ်ပတ်လုပ်ခပေါင် ၂၀၀၀၀၀ ဖြင့် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ယူနိုက်တက်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ဖြင့် ၅ နှစ်အပြင် အပို ၁ နှစ် စာချုပ်သက်တမ်းတိုးခွင့်ပါရှိတဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ မောင့်အတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက် ယူနိုက်တက်ဟာ ပေါင် ၄၃ သန်းတန်ကြေးသတ်မှတ်ထားတဲ့ အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ အာရုံစိုက်နေပြီဖြစ်ပါတယ်။

တွမ်ဟီတန်ရဲ့ လူတန်သို့ ပြောင်းရွှေ့မှုကို တားဆီးခဲ့ခြင်းက ဒီဂီယာ ထွက်ခွာလိမ့်ဆိုတာကို ညွှန်ပြနေသလိုဖြစ်နေကာ ဘရိုက်တန်သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဘာဗက်ဂန်ကို တန်ဟက်က ပစ်မှတ်ထားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် ဆာဘစ်ဇာ