ရှေ့သို့
Image

ယူရိုသန်း ၁၀၀ ဖြင့် ဒီဂျောင်အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ပြောကြားလိုက်တဲ့ ဘာစီလိုနာဥက္ကဌ

8:45 AM, 1 July

ပြီးခဲ့တဲ့နွေရာသီတုန်းက ဒီဂျောင်ကို ယူနိုက်တက်သို့ မရောင်းချခဲ့တာက ကလပ်အတွက် အရမ်းကိုကောင်းခဲ့ပါတယ်လို့ လာပေါ်တာက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက ယူရိုသန်း ၁၀၀ဖြင့် နယ်သာလန်နိုင်ငံသားအတွက် ကမ်းလှမ်းမှုတစ်ခုကို ဘာစီလိုနာက ရရှိခဲ့ပါတယ်လို့ လာပေါ်တာက ပြောကြားလိုက်ပါတယ်။ ကလပ်ကလည်း ဒီဂျောင်ကို ရောင်းချဖို့ဆုံးဖြတ်ခဲ့သလို ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လာပေါ်တာက ထင်ခဲ့တာပါ။

Onze TV3 သို့ လာပေါ်တာက "ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့က ဒီဂျောင်အတွက် ယူရို သန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုတစ်ခုရခဲ့ပါတယ်။ သူ့ကိုမရောင်းချခဲ့တာ ကျွန်တော်တို့အတွက် ကောင်းသွားတာပါ။ ဈေးကွက်မှာ မရှိနေသင့်တဲ့ ကစားသမားတွေလည်းရှိပါတယ်" လို့ ပြောပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမားကို ခေါ်ယူချင်နေပြီး ဖြစ်လာနိုင်ချေရှိတဲ့ အပြောင်းအရွှေ့အတွက် ဘာစီလိုနာနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကလည်း ပြောင်းရွှေ့ကြေးအများပြားဖြင့် ရောင်းချလိုခဲ့သော်လည်း ဒီဂျောင်ကတော့ အသင်းကနေ မထွက်ခွာလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်က ကက်စ်မဲရိုးကို ခေါ်ယူခဲ့ရပါတယ်။

ယူအက်စ်သို့ ရာသီကြိုခြေစမ်းပွဲ သွားရောက် မကစားမီ ဘာစီလိုနာဟာ အသင်းကို ပြန်လည်စုဖွဲ့မှာဖြစ်ပြီး အဲ့ဒီမှာ ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့နှင့် ကစားမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #အပြောင်းအရွှေ့ #လာပေါ်တာ #ဒီဂျောင်