ရှေ့သို့
Image

ကလပ်လက်မဲ့ဖြစ်နေတဲ့ ဗီအဲရာကို စထရာဘော့စ် နည်းပြ အဖြစ်ခန့်အပ်ရန် ကြံလာတဲ့ တော့ဒ်ဘိုလီ

2:42 PM, 30 June

ဘောလုံးရာသီအကြိုနဲ့ ကြားကာလအပြောင်းအရွှေ့ဈေးကွက်အတွင်း ထိပ်တန်း ကစားသမားအချို့ကို တန်းကြေး မြင့်မားစွာ ပေးချေခေါ်ယူထားခဲ့ပေမဲ့ ရလဒ်ပိုင်း အားနည်းကာ ဥရောပဝင်ခွင်တွေနဲ့ လွဲချော်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီက စထရာဘော့စ်အသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူအပြီးမှာ ဗီအဲရာကို နည်းပြခန့်အပ်ရန် ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

တော့ဒ်ဘိုလီရဲ့ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ရာသီတွင် နည်းပြ တူချယ်၊ နည်းပြ ပေါ့တာတို့အပါဝင် နည်းပြ အပြောင်းအလဲများစွာပြုလုပ်ခဲ့သလို ရလဒ်ပိုင်း သိသိသာသာ အားနည်းခဲ့ကာ ဥရောပ ဝင်ခွင့်နေရာအားလုံးနဲ့ လွဲချော်ခဲ့တာကြောင့် လာမယ့် ဘောလုံး ရာသီအတွက် ပြင်ဆင်မှု ထပ်မံပြုလုပ် လာရန် ခြေလှမ်းစတင်နေသလို ဘလူးကို လုပ်ငန်းစုက ရင်းနီးမြှပ်နှံမှု ထပ်မံပြုလုပ်တဲ့အနေဖြင့် ပြင်သစ်ကလပ် စထရာဘော့စ်အသင်းကို ထပ်မံဝယ်ယူထားတာလည်း ဖြစ်ပါတယ်။

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ဦးဆောင်တဲ့ ဘလူးကို လုပ်ငန်းစုက ချဲလ်ဆီးအသင်းကို ဝယ်ယူအပြီး ၁နှစ်အကြမှာ ပြင်သစ်မြေကို ခြေဆန့်ထားခဲ့တာ ဖြစ်ပြီး စထရာဘော့စ်အသင်းရဲ့ နည်းပြ အဖြစ် ဗီအဲရာတစ်ဦးတည်းကို ပစ်မှတ်ထားနေတာမျိုး မဟုတ်ဘဲ ဖီးလစ်မွန်တာနီယာနဲ့ ကားလ်ဂါရက်စ်တို့အား လျာထားတာဖြစ်ပြီး ပြင်သစ်ဂန္ဓဝင် ကွင်းလယ်ကစားသမားက အဓိက ဦးစားပေးပစ်မှတ် အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တွင် ကစားဟန်မာကျောစွာ ကစားလေ့ရှိတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နည်းပြ အဖြစ် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် တာဝန်ယူခဲ့အပြီးမှာ နည်းပြ ဗီအဲရာ အနေဖြင့် အမေရိကန်လက်ရွေးစင် အမျိုးသားအသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့တွင် နည်းပြ အဖြစ် လုပ်ဆောင်ရန် ချိတ်ဆက်ခဲ့ထားခဲ့သေးတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #စထရာဘော့ #ဗီအဲရာ #ပရီးမီးယားလိဂ် #တော့ဒ်ဘိုလီ