ရှေ့သို့
Image

ဒီနေ့မှာ အလွတ်နဲ့ရမယ့် ကစားသမားဖြစ်လာတော့မယ့် ဇာဟာ

10:22 AM, 30 June

ခရစ္စတယ်ပဲလေ့စ်စတား ဇာဟာတစ်ယောက် လာမယ့်သောကြာနေ့မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ရမယ့်ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်သားရဲ့အနာဂတ်က မဆုံးဖြတ်ရသေးပဲ လာမယ့်ရာသီမှာ အဆင်ပြေမယ့်အသင်းကို ပြောင်းမှာဖြစ်ပါတယ်။ အဲ့ထဲက ဖြစ်နိုင်ချေတစ်ခုက ပဲလေ့စ်မှာ ဆက်နေပြီး ဂန္ထဝင်ကစားသမားဖြစ်လာဖို့ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဇာဟာကို တစ်ပတ်လုပ်ခပေါင် ၂ သိန်းနဲ့ ကာလရှည်စာချုပ်သစ် ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်းက သောကြာနေ့မှာ ကုန်ဆုံးမှာဖြစ်ကာ ဇာဟာဘက်က စာချုပ်သစ်ကို လက်မခံသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဇာဟာနဲ့ ပဲလေ့စ်တို့ကြား ဆွေးနွေးမှုတွေက ရှိနေဆဲဖြစ်ကာ ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် စာချုပ်ကိစ္စကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ ဇာဟာတို့ကြား ခြားနားနေဆဲဖြစ်ပေမယ့် နောက်ဆုံးရက်မတိုင်ခင် အသင်းမှာ ဆက်နေဖို့ အသင်းဘက်က မျှော်လင့်နေပါတယ်။ ဇာဟာရဲ့စာချုပ်သစ်က ကစားသမားတစ်ဦးအတွက် အကောင်းဆုံး ကမ်းလှမ်းမှုထဲက တစ်ခုလည်းဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဇာဟာကို အလွတ်နဲ့ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေသလို ကစားသမားသစ်ခေါ်ယူမှုမျိုးလုပ်လာဖွယ်ရှိနေပါတယ်။

ဇာဟာကတော့ တံကောက်ကြောဒဏ်ရာ အခြေအနေကို ကြံ့ခိုင်မှုပြန်လည်ပြည့်ဝအောင် လုပ်ဆောင်နေရတာဖြစ်ပြီး ကုသမှုခံယူနေရတာဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက အသင်းရဲ့အရေးပါတဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာကြောင့် ခေါ်ယူမယ့်အသင်းတွေက လက်တွန့်နေပြီး ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ် ကစားချင်နေပါတယ်။ ဇာဟာကို လာဇီယိုအသင်းက စိတ်ဝင်စားနေပေမယ့် ပဲလေ့စ်လိုချင်တဲ့ တန်ကြေးမျိုးမကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဖီနာဘာချီကလည်း အသက် ၃၀ အရွယ်ကစားသမားကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဖီနာဘာချီကိုပြောင်းမယ်ဆိုရင် အနာဂတ်မှာ ဇာဟာအနေနဲ့ ချန်ပီယံလိဂ်ကစားရနိုင်တာဖြစ်ပါတယ်။

ဇာဟာကို ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေပြီး ပဲလေ့စ်ကမ်းလှမ်းတဲ့ တစ်ပတ်လုပ်ခပေါင် ၂ သိန်းထက်ပိုတဲ့ ကမ်းလှမ်းမှုမျိုးလည်း ကမ်းလှမ်းနိုင်တာ ဖြစ်ပါတယ်။

#ဇာဟာ #ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့