ရှေ့သို့
Image

ဇီယက်ချ်ရဲ့ အယ်လ်နာဆာနဲ့ ဆေးစစ်မှု မအောင်မြင်ခဲ့လို့ ချဲလ်ဆီးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာ

10:13 AM, 30 June

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာနဲ့ တောင်ပံတိုက်စစ်မှူး ဇီယက်ချ်တို့ရဲ့ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုဟာ မအောင်မြင်ခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။

စီရော်နယ်ဒိုရှိနေတဲ့ ကလပ်အသင်းဆီ ဇီယက်ချ်ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းတွေ အကြား ပေါင် ၁၇ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။ ဒါပေမယ့် အခုလိုဆေးစစ်မှု မအောင်မြင်ခဲ့မှုကြောင့် ဇီယက်ရှ်ရဲ့အရှေ့အလယ်ပိုင်းဒေသဆီ ထွက်ခွာမယ့် ခရီးလမ်းဟာ အမှန်တကယ်ဖြစ်ပေါ်လာပါ့မလားဆိုတာ သံသယတွေ အတော်လေးများပြားလာခဲ့ပြီလို့ အာရပ်ကမ္ဘာမှထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

အသက်-၃၀ နှစ်အရွယ် ချဲလ်ဆီး ကစားသမားဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြီးခဲ့တဲ့ခြောက်လတာ ကာလကို မပျော်မရွှင်နဲ့ ဖြတ်သန်းခဲ့ရဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဇီယက်ချ်က ပြင်သစ်လီဂူးဝမ်းကလပ်ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် သတ်မှတ်ချိန်အတွင်း စာရွက်စာတမ်းတွေ အချိန်မီအပြီးမသတ်နိုင်ခဲ့မှုကြောင့် အပြောင်းအရွှေ့ဟာ တရားဝင်မပေါ်ပေါက်လာခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးမှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
ချဲလ်ဆီး အသင်းဖော်တွေဖြစ်တဲ့ ကန်တေ၊ ကူလီဘာလေနဲ့ မန်ဒီတို့ရဲ့ ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့မှုတွေကို မြင်တွေ့ခဲ့ရပြီးနောက် ဇီယက်ရှ်က အယ်လ်နာဆာဆီ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့ခွင့်ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့သာတရားဝင်ဖြစ်မြောက်လာမယ်ဆိုရင် အယ်လ်နာဆာရဲ့တိုက်စစ်ပိုင်းမှာ ဇီယက်ချ်ကို ပေါ်တူဂီဂန္တဝင်စီရော်နယ်ဒိုနဲ့ တွဲဖက်မြင်တွေ့ရဖို့ ရှိနေတာပါ။ လွန်ခဲ့တဲ့သုံးနှစ်တာ ကာလက အေဂျက်စ်မှ ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းဖြင့် ချဲလ်ဆီးဆီရောက်ရှိလာတဲ့ ဇီယက်ချ်က မျှော်လင့်ချက်တွေ ကြီးကြီးမားမားထားခဲ့ပါတယ်။

ဒါပေမယ့် သူက အနောက်လန်ဒန်ကလပ်မှာ ၁၀၇ ပွဲကစား၊ ၁၄ ဂိုးသာ သွင်းယူနိုင်ပြီး ယမန်နှစ်ဘောလုံးရာသီအတွင်း ချဲလ်ဆီးအတွက် ဇီယက်ချ်ရဲ့သွင်းဂိုး လုံးဝမမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ဇီယက်ချ်ဆောင်တဲ့ မော်ရိုကိုအသင်းကတော့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #ဇီယက်ချ် #ပရီးမီးယားလိဂ်