အပြောင်းအရွှေ့ကိစ္စကို လျစ်လျူရှုထားတဲ့ ဗာဒီ
9:05 AM, 30 June
လက်စတာစတား ဗာဒီတစ်ယောက် ဆော်ဒီက ကမ်းလှမ်းမှုတွေကို လျစ်လျူရှုထားကာ သူ့မိသားစုနဲ့ အံမဝင်လောက်ဘူးလို့ ထင်မြင်နေပါတယ်။
အင်္ဂလန်ကစားသမားဟောင်း လက်ရှိမှာတော့ လက်စတာနဲ့အတူ ချန်ပီယံရှစ်မှာ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ လက်စတာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရကာ မကြာခင်မှာ တန်းပြန်တက်နိုင်ဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့် အသင်းနည်းပြသစ် မာရက်စ်ကာနဲ့ ဗာဒီတို့ အခုချိန်အထိ စကားမပြောရသေးတာဖြစ်ပါတယ်။
ဗာဒီဟာ ဆော်ဒီကလပ် ကာလီဂျေအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။ လက်စတာစတားကတော့ ဆော်ဒီမြေဟာ သူ့မိသားစုအတွက် အဆင်မပြေလောက်ဘူးလို့ ထင်မြင်နေပါတယ်။ မာရက်စ်ကာနဲ့ ဗာဒီတို့ စကားမပြောရသေးပေမယ့် ကစားသမားက ချန်ပီယံရှစ်မှာ ဆက်နေဖို့များနေပါတယ်။
ဗာဒီရဲ့စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တုန်းက နည်းပြသစ် မာရက်စ်ကာက ဗာဒီတစ်ယောက် အသင်းမှာဆက်နေမယ်လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်သားဟောင်းဟာ လက်စတာအတွက် ၁၁ နှစ်ကြာ ကစားခဲ့ပြီး ၁၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၃၆ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာအတွက် ၄၂ ပွဲမှာ ၆ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ လက်စတာအခုနွေရာသီမှာ တိုင်လီမန်းစ် ၊ မက်ဒီဆင်တို့ကို လက်လွှတ်ထားခဲ့ရပြီး ဟာဗေးဘန်းစ်ကိုလည်း ဝက်စ်ဟမ်းနဲ့ ဗီလာတို့က စိတ်ဝင်စားနေကြပါတယ်။