ရှေ့သို့
Image

စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံအထိ မြင့်တက်လာမယ့် စာချုပ်သစ်ကို ရီးရဲလ်မက်ဒရစ်နှင့် ချုပ်ဆိုဖို့ သဘောတူခဲ့တဲ့ ကာမာဗင်ဂါ

10:57 AM, 29 June

လူငယ်ဗဟိုကွင်းလယ်ကစားသမား ကာမာဗင်ဂါဟာ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သစ်တစ်ရပ်ကို သဘောတူညီမှုရရှိခဲ့ပြီး အသင်းတွင် အနည်းဆုံး ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း MARCAရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ သူ့ရဲ့ စာချုပ်ဖျက်သိမ်းခကလည်း ယူရို သန်း ၇၀၀ ကနေ ယူရို ၁ ဘီလီယံ အထိ တိုးလာနိုင်ပါတယ်။

၂၀၂၁ ခုနှစ်တွင် ရန်းနက်စ်မှ ပြောင်းရွှေ့လာတဲ့ ကာမာဗင်ဂါဟာ ပွဲဦးထွက်ရာသီတွင် အရန်ခုံမှ ထွက်ကာကစားမှုတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အထူးသဖြင့် ရီးရဲမက်ဒရစ်ရဲ့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရရှိသည့် ကာလအတွင်း သက်ရောက်မှုများစွာရှိခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီ ကွင်းလယ်နှင့် ဘယ်နောက်ခံနေရာတို့မှာ ထိရောက်သောခြေစွမ်းပြသမှုများ ပြုလုပ်နိုင်ခြင်းကြောင့် ကာမာဗင်ဂါဟာ ထင်ရှားလာခဲ့ပြီး နည်းပြအန်ဆယ်လော့တီရဲ့ အားအထားရဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စံပြသဘောထားနဲ့ အသက် ၂၀ အရွယ်မှာ ငြင်းလို့မရနိုင်တဲ့ အလားအလာတွေအတွက် ဆုလာဘ်တစ်ခုအနေနဲ့ ရီးရဲလ်မက်ဒရစ်က ပြင်သစ်သားကို ပိုမိုကောင်းမွန်တဲ့ စည်းကမ်းချက်တွေနဲ့ သက်တမ်းတိုးပေးချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်များအပေါ် အလေးပေးမှု တိုးမြှင့်ရေး မူဝါဒက အချိန်အတော်ကြာ ရွေ့လျားနေပြီး ကာမာဗင်ဂါရဲ့ အနာဂတ်ကို သေချာစေခြင်းဟာ လာလီဂါအသင်းကြီးအတွက် တန်ဖိုးအရှိဆုံး ကစားသမားပိုင်ဆိုင်မှုများထဲမှ တစ်ခုကို စွန့်လွှတ်ရန် မရည်ရွယ်ကြောင်း လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

MARCA ဖော်ပြချက်တွင် မီလီတာအို (၂၄ နှစ်)၊ ဗီနီဆီးယက်ဂျူနီယာ (၂၂ နှစ်) နှင့် ရိုဒရီဂို (၂၂ နှစ်) တို့အတွက် သက်တမ်းတိုးခြင်းကို ယခုနွေရာသီတွင် ထုတ်ပြန်ကြေညာမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

ဘယ်လင်ဂမ်၊ ဖာရန်ဂါစီယာ၊ ဂျိုဆယ်လူနဲ့ အေစီမီလန်မှ ဘရာဟင်ဒေ့ဇ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီး အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဘန်ဇီးမားရဲ့နေရာကို ဆက်ခံဖို့အတွက် ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပီကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။

#ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ကာမာဗင်ဂါ