ရှေ့သို့
Image

တိုနယ်လီတစ်ယောက် နယူးကာဆယ်မှာ တောက်ပလိမ့်မယ်လို့ ဇလာတန်အီဘရာဟီမိုဗစ် ထောက်ခံ

10:34 AM, 28 June

ယူနိုက်တက် တိုက်စစ်မှူးဟောာင်း မိုဗစ်က အေစီမီလန်စတား တိုနယ်လီဟာ နယူးကာဆယ်မှာ တောက်ပလိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်သားဟာ အခုအပတ်ထဲမှာ နယူးကာဆယ်အသင်းထံ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

တိုနယ်လီဟာ လက်ရှိမှာတော့ အီတလီယူ - ၂၁ အသင်းနဲ့အတူ ပါဝင်နေတာဖြစ်ပြီး နယူးကာဆယ်ဆေးအဖွဲ့က ရိုမေးနီးယားထိသွားပြီး ဆေးစစ်မှာဖြစ်ပါတယ်။ ဆန်စီရိုမှာ တိုနယ်လီနဲ့ ၃ နှစ်ကြာ ကစားခဲ့ဖူးတဲ့ မိုဗစ်က အသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။

“သူ ပရီးမီးယားလိဂ်မှာကစားဖို့ အဆင်သင့်ဖြစ်ပြီလားမေးရင် ဖြစ်ပြီလို့ဖြေရမှာပါ။ သေချာပါတယ်။ အဲ့တာက သူ့အပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်သူ့ကိုမှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းနဲ့ အနိုင်ရလိုစိတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ အေစီမီလန်မှာ သူအများကြီး တိုးတက်လာပါတယ်။ သူ့မှာ ကောင်းမွန်တဲ့တာဝန်ယူမှုရှိသလို အများကြီးလည်း ရင့်ကျက်လာပါတယ်။ အင်္ဂလန်မှာလည်း ဆက်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ မိုဗစ်က ပြောကြားခဲ့ပါတယ်။

တိုနယ်လီဟာ ၂၀၂၀ တုန်းက အေစီမီလန်ကိုမပြောင်းခင် ဘရက်စီယာမှာ ကစားခဲ့တာဖြစ်ပါတယ်။ ၃ ရာသီအတွင်း တိုနယ်လီဟာ လိဂ်ဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့သလို အီတလီစီနီယာအသင်းနဲ့အတူ ၁၄ ပွဲပါဝင်ကစားခဲ့ပါတယ်။

လိဒ်ယူနိုက်တက်တိုက်စစ်မှူး ဂွန်နာတိုကလည်း “ကျွန်တော် တိုနယ်လီနဲ့ပြီးခဲ့တဲ့ရက်အနည်းငယ်က ပရီးမီးယားလိဂ်ပြောင်းမယ့်အကြောင်း စကားပြောဖြစ်ပါတယ်။ သူ့ကိုပရီးမီးယားလိဂ်မြင်ချင်နေပါပြီ။ အေစီမီလန်နဲ့အတူ ပြီးခဲ့တဲ့ရာသီအနည်းငယ်က သူအကောင်းဆုံး လုပ်ခဲ့ပါတယ်။ သူ့အသက်အရွယ် ၊ သူ့အရည်အချင်းနဲ့ ပွဲအပေါ် နားလည်နိုင်သလို နည်းစနစ်ပိုင်းလည်း ကြေညက်ပါတယ်။ သူအသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ အရေးပါတဲ့သူဖြစ်လာနိုင်ပါတယ်”လို့ ဂွန်နာတိုက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #အပြောင်းအရွှေ့ #အီဘရာဟီမိုဗစ် #အန်တိုနယ်လာ