ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်နည်းပြ အဖြစ် လာမယ့်ရာသီမှာ ဆက်ရှိနေမယ့် ရိုင်ယန်ဟော့ဆန်

9:28 AM, 27 June

ခရစ္စတယ်ပဲလေ့စ်နည်းပြ ဟော့ဆန်တစ်ယောက် လာမယ့်ရာသီမှာလည်း အသင်းနည်းပြအဖြစ် ဆက်ရှိနေမယ်လို့ သိရပါတယ်။

အသက် ၇၅ နှစ်သားဟာ လက်ရှိမှာ အနားယူနေပြီး ပြန်လာချိန်မှာ စာချုပ်သက်တမ်းတိုးဖွယ်ရှိနေပါတယ်။ ဟော့ဆန်ဟာ မတ်လတုန်းက ပဲလေ့စ်ကိုပြန်ရောက်လာခဲ့တာဖြစ်ပြီး ဗီအဲရာနေရာမှာ အစားဝင်လာခဲ့တာာဖြစ်ပါတယ်။

သူဟာ ပဲလေ့စ်အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့ပြီး ၁၀ ပွဲမှာ ၁၈ မှတ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟော့ဆန်ဟာ ၂၀၁၇ တုန်းကစပြီး ပဲလေ့စ်နည်းပြအဖြစ် ၄ နှစ်ကြာတာဝန်ယူခဲ့ကာ ၂၀၂၁ နွေရာသီမှာ ထွက်ခွာခဲ့ပါတယ်။

အင်္ဂလန်နည်းပြဟောင်းဟောင်းဟာ ၂၀၂၂ ဇန်နဝါရီတုန်းက ဝက်ဖို့ဒ် နည်းပြအဖြစ် တာဝန်ယူခဲ့ပေမယ့် ၅ လသာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဟော့ဆန်တာဝန်မယူခင် ဗီအဲရာလက်အောက်မှာ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ဟော့ဆန်ဟာာ အင်တာမီလန်၊ ဘလက်ဘန်း၊ ဖူလ်ဟမ်၊ လီဗာပူး၊ ဝက်စ်ဘရွန်း၊ ပဲလေ့စ်တို့မှာ နည်းပြခဲ့သလို နိုင်ငံအသင်းမှာတော့ ဆွစ်ဇာလန် ၊ ယူအေအီး နဲ့ ဖင်လန်အသင်းတွေမှာ နည်းပြခဲ့ပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #ရွိုင်းဟော့ဆန် #ပရီးမီးယားလိဂ်