ရှေ့သို့
Image

အယ်လ်ဟီလယ်ရဲ့တစ်နှစ်လုပ်ခလစာ ယူရိုသန်း၂၀ တန်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ နည်းပြအယ်လီဂရီ

3:53 PM, 26 June

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀ တန်ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး တူရင်မြေမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ နာမည်ကျော်သတင်းထောက်ရိုမာနိုက ပြောပါတယ်။

ကူလီဘာလီ၊ စီရော်နယ်ဒိုနဲ့ ရူဘင်နီဗက်စ်တို့လို နာမည်ကျော်ကစားသမားတွေကို ငွေကြေးအမြောက်အများ သုံးစွဲကာ ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေနဲ့ ကာတာပြည်တွင်းကလပ်အသင်းတွေက အယ်လီဂရီကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေ ရက်သတ္တပတ်များစွာကြာ ပေါ်ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ရိုမာနိုရဲ့အဆိုအရ အယ်လ်ဟီလယ်ရဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀ တန် ကမ်းလှမ်းမှုကို အယ်လီဂရီက ပယ်ချလိုက်တာကြောင့် ဂျူဗင်တပ်စ်နည်းပြမှာ ငွေကြေးရဲ့ဆွဲဆောင်မှုကို အတော်လေးခံနိုင်ရည်ရှိတယ်လို့ ယူဆရပါမယ်။

အယ်လီဂရီဆီ အယ်လ်နာဆာကလည်း ချဉ်းကပ်မှုတွေရှိခဲ့ပေမယ့် အယ်ဟီလယ်ဆီကပဲ တရားဝင်ကမ်းလှမ်းမှု ရောက်ရှိလာခဲ့တာပါ။ အယ်လီဂရီ အနေနဲ့ ကမ်းလှမ်းမှုကို လိုလိုလားလားနားထောင်ပေးခဲ့ပေမယ့် လက်ရှိလုပ်ခလစာထက် သုံးဆနီးပါး ပိုမိုရရှိမယ်ဆိုရင်တောင် ဂျူဗင်တပ်စ်မှ ထွက်ခွာဖို့ ဆန္ဒမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ