ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ် တိုက်စစ်အတွက် မတူညီတဲ့အရာတစ်ခုခု ယူဆောင်လာပေးချင်နေတဲ့ ဟိုဆေးလူ

10:53 AM, 26 June

စပိန်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဟိုဆေးလူသည် အက်စ်ပန်ညိုမှ တစ်ရာသီအငှားစာချုပ်ဖြင့် ရီးရဲမက်ဒရစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ၎င်းတို့၏ သဘောတူညီချက်တွင် ဝယ်ယူရန် ရွေးချယ်ခွင့်လည်း ပါဝင်နေပြီး အသက် ၃၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ၁၆ ဂိုး သွင်းယူထားနိုင်သူဖြစ်ပါတယ်။

ဆန်တီယာဂို ဘာနေဗျူးမှာ ဒုတိယအကြိမ် အခွင့်အရေးရလို့ ရီးရဲလ်မက်ဒရစ်အသင်းကို ဟိုဆေးလူက ဝမ်းသာကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်နွေရာသီတွင် ရီးရဲလ်မက်ဒရစ်အကယ်ဒမီမှ ထွက်ခွာပြီးနောက် ၁၃ နှစ်အကြာတွင် အက်စ်ပန်ညို အသင်းမှ တစ်ရာသီအငှားဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တွင်ရှိစဉ်အချိန်က ဘီအသင်းနှင့် အသင်းကြီး နှစ်သင်းလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးများလည်းသွင်းယူခဲ့တဲ့တိုက်စစ်မှူးဟာ ယခုအခါ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပွဲထွက်ခွင့်ရရန် စိတ်အားထက်သန်နေပြီဖြစ်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီမှ အမ်ဘာပေနှင့် တော့တင်ဟမ်မှ ဟယ်ရီကိန်းတို့သည် ရီးရဲလ်မက်ဒရစ်အတွက် ထိပ်တန်းဦးစားပေးစာရင်းတွင် ပါဝင်နေသောကြောင့် ဟိုဆေးလူ သည် ရီးရဲလ်မက်ဒရစ်၏ ဦးစားပေးတိုက်စစ်မှုးဖြစ်လာရန် မမျှော်လင့်ထားပေမယ့် ရီးရဲလ်အသင်းအတွက် ပွဲထွက်ခွင့်ရမည့်အချိန်ကို တက်တက်ကြွကြွဖြင့် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေမှာဖြစ်ကြောင်း သိရပါတယ်။

"ကျွန်တော်က သူတို့အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ မတူပါဘူး။ အန်ဆယ်လော့တီက ကျွန်တော့်ကို သေချာသင်ပေးနေပြီး ရာသီကြို ပထမလတွေမှာ သူ့ဆီက သင်ယူနိုင်တာက အကျိုးရှိမှာပါ"" လို့ ဟိုဆေးလူက ကလပ်မီဒီယာကို ပြောကြားခဲ့ပါတယ်။

မက်ဒရစ်မှာ သူ့ရဲ့ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်တဲ့အခါ ဟိုဆေးလူက သူ့ရဲ့ပွဲဦးထွက်ဂိုးကို ရော်နယ်ဒိုက ဖန်တီးခဲ့တာဆိုတဲ့အချက်ကို ပျော်ရွင်စွာနဲ့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ဘဝရဲ့ အိပ်မက်အသင်းနဲ့ လာလီဂါမှာ ပွဲဦးထွက်ကစားခဲ့ပြီး ဒါဟာ အိပ်မက်တစ်ခုပါပဲ။ အဲဒီအချိန်က ကျွန်တော် တစ်ဂိုး သွင်းခဲ့တယ်။ သူတို့က ကျွန်တော့်ကို ဘယ်သူက ဖန်တီးပေးလဲလို့မေးတဲ့အခါ ရီးရဲလ်သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုက ကျွန်တော့်ကို ဖန်တီပေးခဲ့တာလို့ ပြောရပါမယ်။ ဒါတွေက မှတ်ဉာဏ်ထဲက ဖျောက်ဖျက်လို့ မရနိုင်တဲ့ အခိုက်အတန့်ပါပဲ။ ကျွန်ုပ်တို့ ပထမနှစ်မှာ ရီးရဲလ်မက်ဒရစ်ဘီအသင်း နဲ့ အယ်ကိုရာနို ပွဲမှာ ကစားပြီး နောက်တစ်နေ့မှာပဲ ကျွန်တော် တစ်ညလုံး ရူးသွပ်စွာ ကုန်ဆုံးခဲ့ရတာကို သတိရမိပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော် အရမ်းငယ်တဲ့အချိန်ဖြစ်ပြီး ပြင်းထန်တဲ့ အခိုက်အတန့်တွေနဲ့ ရှင်သန်နေခဲ့တာ"လို့ ဟိုဆေးလူက ပြောကြားခဲ့ပါတယ်။

#စပိန် #ရီးရဲလ်မက်ဒရစ် #ဟိုဆေးလူ