ရှေ့သို့
Image

ဘိုင်ယန်စတား ဟာနန်ဒက်ဇ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ ပီအက်စ်ဂျီ

9:11 AM, 26 June

သတင်းတွေအရ ဘိုင်ယန်စတား လူးကပ်စ်ဟာနန်ဒက်ဇ် တစ်ယောက် အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သိရပြီး ပီအက်စ်ဂျီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ နာပိုလီနောက်ခံလူ ကင်မ်ဂျေမင်းကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ဟာနန်ဒက်ဇ်ကို လက်လွှတ်ဖွယ်ရှိနေပါတယ်။

အချို့သတင်းတွေအရ ဘိုင်ယန်ဟာ ပြင်သစ်သားကို ရောင်းချလိုခြင်းမရှိဘူးလို့ သိရပြီး ကစားသမားကိုယ်တိုင်ကတော့ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ ဒါပေမယ့် ပြင်သစ်သတင်းဌာနကတော့ ဟာနန်ဒက်ဇ်ဟာ ကင်မ်ရောက်လာမှုနဲ့ အတူ အသင်းကနေ ထွက်ခွာနိုင်ချေများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရိုမာနိုကတော့ ပီအက်စ်ဂျီနဲ့ ဟာနန်ဒက်ဇ်တို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ပီအက်စ်ဂျီက ဟာနန်ဒက်ဇ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပါပြီး အသင်းက လာမယ့်အပတ်မှာ ဘိုင်ယန်နဲ့ဆွေးနွေးမှု အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သူဘိုင်ယန်ဘုတ်အဖွဲ့အသစ်နဲ့ ထိတွေ့ခြင်းမရှိသလို အခြေအနေက ရှင်းပါတယ်။ သူစာချုပ်သက်တမ်းတိုးရင်တိုး မဟုတ်ရင် ထွက်ခွာရမှာပါ”လို့ ရိုမာနိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မေးလ်စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဘိုင်ယန်ဟာ သူတို့ကစားသမားအတွက် ပေါင် ၄၃ သန်း တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ၂၀၁၉ တုန်းက တီကိုထံကနေ ပေါင် ၆၈ သန်းနဲ့ ဘိုင်ယန်ထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်က လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒီရာသီမှာ ၇ ပွဲသာ ပါဝင်ခွင့်ရခဲ့ပေမယ့် ဟာနန်ဒက်ဇ်ဟာ ဂျာမန်ကလပ်အတွက် ၁၀၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပါ ရယူနိုင်ခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ နေရာစုံ ကစားနိုင်တာကြောင့် ပီအက်စ်ဂျီက အလိုရှိခဲ့တာဖြစ်ပါတယ်။

ကင်မ်ပန်ဘီဒဏ်ရာရနေလို ရာမို့စ်ကလည်း ထွက်ခွာတော့မှာဖြစ်ပြီး ပီအက်စ်ဂျီက ဟာနန်ဒက်ဇ်ကို ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဟာကီမီကို စီးတီးအသင်းက ခေါ်ယူချင်နေပြီး ချိတ်ဆက်မှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဟာနန်ဒက်ဇ်