ရှေ့သို့
Image

လာမယ့်ရက်သတ္တပတ်မှာ အဆိုတော် ဂါစီယာနှင့် လက်ထပ်တော့မယ် ဒီဂီယာ

3:49 PM, 25 June

ယူနိုက်တက်နှင့်တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေတဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက်မှာတော့ ဒီဂီယာဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂါစီယာနှင့် လက်ထပ်တော့မှာဖြစ်ပါတယ်။


လွန်ခဲ့တဲ့ ၁၂ ရာသီကတည်းက အသင်းရဲ့ဂိုးပေါက်မှာရှိနေတဲ့ ဒီဂီယာကို စာချုပ်သက်တမ်းမတိုးနိုင်သေးတာကြောင့် အသင်းအနေနဲ့ အင်တာမီလန်ဂိုးသမား အိုနားနားကို ခေါ်ယူအစားထိုးဖို့ ပြင်ဆင်နေပါတယ်။


ဒီဂီယာဟာ ကစားသမားဘဝကိစ္စထက် သူ့ရဲ့သတိုးသမီးဖြစ်သူ ဂါစီယာနှင့် မင်္ဂလာပွဲသို့တက်ရောက်လာမယ့် ဧည်သည်တွေအတွက်ကိုသာ အာရုံစိုက်ထားပါတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။


သူတို့မင်္ဂလာပွဲရဲ့ ပိုပြီးအသေးစိတ်ကျတဲ့အချက်ကထွက်ပေါ်လာခဲ့ပြီး ဆီယူတာဒယ်လာမြို့က မင်နော်ကန် ဆိပ်ကမ်းအနီးမှာရှိတဲ့ ကျောက်မိုင်းဟောင်းတစ်ခုကို ငှားရမ်းထားတဲ့ သတင်းဖြစ်ပါတယ်။


အသက် ၃၂ နှစ်အရွယ် ဒီဂီယာနှင့် အသက် ၃၇ နှစ်အရွယ် ဂါစီယာတို့မှာ ပထမဆုံးစတင် Date ခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာ နောက်ပိုင်း သမီးနှစ်ဦးထွန်းကာခဲ့ပါတယ်။


သူတို့ရဲ့မင်္ဂလာပွဲသို့ ဧည့်သည် ၈၀ မှ ၁၀၀ ကြား တက်ရောက်မယ်လို့ စပိန်ရှိုးဘစ်ဇ်ရဲ့ သတင်းထောက်တွေဖြစ်တဲ့ လော်ရာဖာနှင့် လော်ရီနာဗက်စ်ကွက်ဇ်တို့က ပြောထားပါတယ်။


ဒီဂီယာရဲ့ စာချုပ်သက်တမ်းကုန်ပြီးနောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၁ ရက်နေမှာ သူတို့လက်ထပ်မယ်ဆိုတဲ့အကြောင်းကို ပြောဆိုထားခြင်းတော့မရှိပါဘူး။


ဘာစီလိုနာမြို့မှာ ရုံးဖွင့်ထားတဲ့ ပွဲစီစဉ်သူ လာပူတာဆူဂရာက အင်စတာဂရမ်မှာ တစ်ကမ္ဘာလုံးရှိ ပွဲများနှင့် မင်္ဂလာပွဲများအတွက် ရရှိနိုင်ပါတယ်"လို့ ပို့စ်တင်ထားပါတယ်။


အဆိုပါနာမည်ကို စပိန်ဘာသာစကားကနေ အင်္ဂလိပ်သို့ တိုက်ရိုက် ဘာသာပြန်ပါက "ငါ****** ယောက်ခမကြီး" ဖြစ်ပါတယ်။


အဆိုပါပွဲစီစဉ်တဲ့ ကုမ္ပဏီ ဒါမှမဟုတ် ဒီဂီယာတို့ ၂ဦးထံမှ တရားဝင်မှတ်ချက်ပေးပြောဆိုထားခြင်းမရှိသေးပါဘူး။


အင်စတာဂရမ်ရှိ ဒီဂီယာရဲ့ နောက်ဆုံးပို့စ်က လွန်ခဲ့တဲ့ ၁ ပတ်ကျော်ကဖြစ်ပြီး အားလပ်ရက်မှာရှိနေတဲ့ပုံဖြစ်ပါတယ်။ 


စပိန်မှာ လူသိများတဲ့ ဂါစီယာဟာ ဒီဂီယာနှင့်ပတ်သက်ဆက်နွယ်မှုရှိနေသော်လည်း မိခင်နိုင်မှာသာ ဆက်လက်နေထိုင်နေကာ အလုပ်များရှုပ်နေသော်လည်း ချစ်သူရှိရာ မန်ချက်စတာသို့ ပုံမှန်လာရောက်လည်ပတ်နေတာဖြစ်ပါတယ်။


သူဟာ ၂၀၁၅ခုနှစ် Eurovision Song Contest မှာ စပိန်အတွက် ဖျော်ဖြေပေးခဲ့ပါသေးတယ်။


အဲ့ဒီအချိန်မှာ သူတို့ ၂ဦးက တွေ့ဆုံခဲ့ပြီး ဒီဂီယာဟာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်သို့ ပြောင်းရွှေ့ပြီး ၇ လ အကြာမှာဖြစ်ပါတယ်။


ဂါစီယာက‌တော့ သူမရဲ့ ပေါ့ပ်အဆိုတော် အနေအထားကို အယ်လ်ဘမ် ၄ အထိ ထုတ်လုပ်ဖြန့်ချီထားကာ အခြေအနေတစ်ခုအထိ အောင်မြင်အောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။


၂၀၂၁ခုနှစ် မတ်ခတွင် သူတို့ရဲ့ သမီးလေးကို မွေးဖွားခဲ့ပြိးနောက် သူ့မရဲ့လက်တွဲဖော်ကို ကမ္ဘာ့အကောင်းဆုံးဖခင်လို့ ဖော်ညွှန်းခဲ့ပါတယ်။


အငယ်ဆုံးသမီးလေးရဲ့ နာမည်ကို Quechua ဘာသာစကားဖြင့် မှည်ခေါ်ထားပြီး အင်္ဂလိဂ်သို့ ဘာသာပြန်ဆိုပါက ငါတို့ရဲ့ချစ်ရသူ လို့ အဓိပ္ပါယ်ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ် #gossip