ရှေ့သို့
Image

ပီအက်စ်ဂျီနောက်ခံလူ ဟာကီမီခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ မန်စီးတီး

3:43 PM, 25 June

မန်စီးတီးဟာ ဝေါ်ကာရဲ့နေရာကို အစားထိုးဖို့ ကစားသမားသစ်ရှာဖွေနေပြီး မော်ရိုကိုခံစစ်မှုး ဟာကီမီကို ခေါ်ယူရန် မျက်စိကျနေပါတယ်။


ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ကို ရရှိခဲ့ပြီးနောက် အသင်းရဲ့လူစာရင်းကို အင်တားတောင့်တင်းအောင် မန်စီးတီးက လုပ်လိုနေတာဖြစ်ပါတယ်၊ မန်စီးတီးဟာ ဝေါ်ကာရဲ့နေရာကို အစားထိုးဖို့ ပီအက်စ်ဂျီက ဟာကီမီကို ချဉ်းကပ်နေပါတယ်လို့ Marca က ဖော်ပြထားပါတယ်။


ဝေါ်ကာဟာ မန်စီးတီးဟာ အင်တာနှင့်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရပါဘူး။ သူဟာ မကြာသေးခင်က ကလပ်နေကထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိနေပြီး ဘိုင်ယန်မြူးနစ်က အင်္ဂလန်သားကို စိတ်ဝင်စားနေသော်လည်း မန်စီးတီးကတော့ သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးလိုနေတာဖြစ်ပါတယ်။


ပီအက်စ်ဂျီနှင့် ဟာကီမီရဲ့ စာချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ မှာ သက်တမ်းကုန်မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကလပ်အတွက် ခက်ခဲလာနိုင်ပါတယ်။ မန်စီးတီးဟာ ဟာကီမီကို လွန်ခဲ့တဲ့ ၂ နှစ် ဒေါ့မွန်မှာ ရှိစဉ်ကတည်းက ခေါ်ယူလိုခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာတော့ ကစားသမားက လီဂူးဝမ်းကလပ်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။


မန်စီးတီးဟာ ချဲလ်ဆီးမှ ကိုဗာဆစ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ကွင်းလယ်ကစားသမားရဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဂျော့စ်ကိုဂဗာဒီရိုးကိုလည်း ခေါ်ယူနိုင်ရေး ချဉ်းကပ်နေပါတယ်။


#ဟာကီမီ #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #လီဂူးဝမ်း #မော်ရိုကို