ရှေ့သို့
Image

အခုနွေရာသီမှာ ဘာလိုဂန်ကို ရောင်းချဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

10:54 AM, 25 June

သတင်းတွေအရ အာဆင်နယ်ဟာ လူငယ်တိုက်စစ်မှူး ဘာလိုဂန်ကို ပေါင် ၃၅ သန်းရရင် ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၂ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက စတာဒီရင်းစ်အသင်းမှာ အငှားထက်ကစားခဲ့ရတာဖြစ်ပါတယ်။


စီနီယာကစားသမားဘဝအတွေ့အကြုံမပြည့်ဝပေမယ့် အင်္ဂလန်သားဟာ ပြင်သစ်လိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလိပ်နည်းပြ ဝဲလ်ရောက်လာမှုနဲ့အတူ ဘာလိုဂန်ဟာ တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လီဂူးဝမ်းမှာ မက်ပီ ၊ လာကာဇက်တီ ၊ ဂျိုနသန်ဒေးဗစ်တို့နောက် ၄ ယောက်မြောက်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ဒါပေမယ့် သတင်းတွေအရ အာဆင်နယ်ဟာ ဘာလိုဂန်ကို ပေါင် ၃၅ သန်းတန်ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းအပြင် အခြားအသင်းတော်တော်များများက ခေါ်ယူဖို့ ပြင်ဆင်နေပြီး အင်တာမီလန် နဲ့ အေစီမီလန်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

အာတီတာက ဘာလိုဂန်ကို ဆက်ထိန်းထားချင်ပေမယ့် ကစားသမားက နောက်တစ်ကြိမ်အငှားမထွက်ချင်တော့ကြောင်း နိုင်ငံတကာရက်သတ္တပတ်တုန်းက ပြောကြားခဲ့ပါတယ်။


“ကျွန်တော်အသေအချာပြောနိုင်တာက နောက်တစ်ကြိမ်အငှားမထွက်ချင်တာပါ။ ဆွေးနွေးမှုတော့ မသိသေးပါဘူး။ ဘာဖြစ်မလဲဆိုတာ ကျွန်တော် သေချာမသိသေးပါဘူး။ ဒါပေမယ့် အခုလက်ရှိကိုပဲ စိတ်ဝင်စားပြီး လက်ရှိကိုပဲကြိုးစားပါတယ်”လို့ ဘာလိုဂန်က ပြောကြားခဲ့ပါတယ်။

ဘာလိုဂန်ဟာ အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၂၂ မှာ လူငယ်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မေလတုန်းက ဘာလိုဂန်တစ်ယောက် အမေရိကန်နိုင်ငံကိုကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပြီး အသင်းနဲ့အတူ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ကာ ကနေဒါနဲ့ ဖိုင်နယ်ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။


#အာဆင်နယ် #အပြောင်းအရွှေ့ #ဘာလိုဂမ် #ပရီးမီးယားလိဂ်