ရှေ့သို့
Image

အပြောင်းအရွှေ့ကောင်းတွေနဲ့အတူ အာတီတာအနေနဲ့ အာဆင်နယ်ကို နောက်တစ်ဆင့် ခေါ်သွားပေးလိမ့်မယ်လို့ ရမ်ဆေး ထောက်ခံ

1:11 PM, 24 June

အာဆင်နယ်ကွင်းလယ်လူဟောင်း ရမ်ဆေးဟာ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုတွေကို အာဆင်နယ်နဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပြီး အာတီတာက အာဆင်နယ်ကို အောင်မြင်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

အသက် ၃၂ နှစ်သားဟာ အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၃ ကြိမ် ၊ ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေ ၁ ကြိမ် ၊ ကိုပါအီတာလီယာ ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ရမ်ဆေးတစ်ယောက် ၁၁ နှစ်ကြာဖြတ်သန်းခဲ့ပြီး အသင်းဖော်ဟောင်း အာတီတာက အာဆင်နယ်ကို အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်းကို အနီးကပ်ဆုံး ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး ရာသီသိမ်းခါနီးမှ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အခုနွေမှာတော့ ဒီကလန်ရိုက်စ် နဲ့ ကိုင်ဟားဗက်ဇ်တို့ကို ပစ်မှတ်ထားနေပြီး ဟာဗက်ဇ်ကိုတော့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အားကစားရုံဖွင့်ပွဲတစ်ခုမှာ ရမ်ဆေးက “အာတီတာက အချိန်တိုအတွင်းမှာ တကယ့်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ သူတို့အကောင်းဆုံးလုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းက စီးတီးကို အနီးကပ်ဆုံးဖိအားပေးနိုင်ခဲ့တာပါ။ အဲ့တာက ကောင်းမွန်တဲ့အောင်မြင်မှုပါ။ အခုဆိုအသင်းကို ချန်ပီယံလိဂ်ထံပို့ဆောင်ပေးနိုင်ခဲ့ပါပြီ။ လာမယ့်ရာသီမှာ ပိုကောင်းလာနိုင်ဖို့ လူအင်အားလိုသလို ကောင်းမွန်တဲ့လူခေါ်ယူမှုတွေနဲ့အတူ အာဆင်နယ်ကို အာတီတာက နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ သူတို့ အလုပ်လုပ်ဖို့တော့ ကျန်နေပါသေးတယ်။ ဒါပေမယ့် တိုးတက်လာမှုက တကယ့်ကိုမယုံကြည်နိုင်စရာပါ။ ပရီးမီးယားလိဂ်က ခက်ခဲပါတယ်။ အခုဆို ၇ သင်း ဒါမှမဟုတ် ၈ သင်းလောက်အားပြိုင်လာရပါပြီ။ ဘရိုက်တန်လိုအသင်းမျိုးတောင် တော်တော်လေးတိုးတက်လာခဲ့ပါပြီ။ အဲ့တာက ခက်ခဲစေပါတယ်”လို့ ရမ်ဆေးက ပြောကြားခဲ့ပါတယ်။

ရမ်ဆေးက အာဆင်နယ်အနေနဲ့ ဈေးကွက်ထဲမှာ ထိပ်တန်းအဆင့်ကစားသမားတွေ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းကထက်ပိုကောင်းလာတာကို မြင်ချင်နေပါတယ်။

#အာတီတာ #အာဆင်နယ် #ရမ်ဆေး #ပရီးမီးယားလိဂ်