ရှေ့သို့
Image

ယူနိုက်တက်အသင်း အနေနဲ့ ကစားသမား ၃ ဦးရောင်းချပြီး ပြန်ခေါ်ရမယ့်သူ ၂ ဦးကို ဒွိုက်ယော့ခ် ပြောကြား

12:56 PM, 24 June

ယူနိုက်တက်ကစားသမားဟောင်း ဒွိုက်ယော့ခ်က တန်ဟက်အနေနဲ့ အသင်းရှိရင်းစွဲကစားသမား ၃ ဦးကို ရောင်းချပြီး ၂ ဦးကို ပြန်လည်ခေါ်ယူသင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တန်ဟက်ဟာ အသင်းနဲ့အတူ လိဂ်ဖလားရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နိုင်အောင်လုပ်ဆောင်ပေးခဲ့တာကြောင့် ဘုတ်အဖွဲ့ နဲ့ ပရိသတ်တွေရဲ့ထောက်ခံမှုကိုရရှိထားတာဖြစ်ပါတယ်။ ပထမရာသီမှာ အခြေအနေကောင်းခဲ့ပေမယ့် တန်ဟက်က ယူနိုက်တက်အနေနဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့နဲ့အားပြိုင်ဖို့ လူအင်အားလိုအပ်နေတာဖြစ်ပါတယ်။

အေဂျက်နည်းပြဟောင်းက တိုက်စစ်မှူး ၊ ဂိုးသမားအပြင် ကွင်းလယ်ပိုင်းပါ လိုချင်နေပြီး ကစားသမားအချို့ကိုရှင်းထုတ်ဖို့ လိုအပ်နေပါတယ်။ အဲ့ထဲမှာ နောက်ခံလူ မက်ဂွါရီလည်း ပါဝင်နေပြီး တန်ဟက်လက်အောက်မှာ နေရာမရဖြစ်နေကာ ဒီကလန်ရိုက်စ်ကိုခေါ်ယူဖို့ အလိုက်ပေးဖွယ်ရှိနေပါတယ်။

မက်ဂွါရီဟာ ၂၀၁၉ တုန်းက ယူနိုက်တက်ထံ ပေါင်သန်း ၈၀ နဲ့ ရောက်လာခဲ့တာဖြစ်ပြီး အခုနွေရာသီမှာ ထွက်ခွာနိုင်ချေများနေတာဖြစ်ပါတယ်။ “ဘယ်ထိပ်တန်းကစားသမားမဆို မက်ဂွါရီက ကျွန်တော်အသေအချာပြောနိုင်တာက သူက ထိပ်တန်းကစားသမားပါ။ အင်္ဂလန်အတွက် သူကစားနိုင်ပါတယ်။
အသင်းမှာ သူဒီလိုကစားရင် ထွက်ရနိုင်ချေရှိမှာမဟုတ်ပါဘူး။ တစ်နှစ်လုံးနီးပါး သူနေ့ရာအတွက် တိုက်ပွဲဝင်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ နည်းပြက အသင်းမှာ အံဝင်တဲ့ကစားသမားတွေ ဒဏ်ရာရမှသာ သူ့ကို ပါဝင်ခွင့်ပေးတာပါ။ သူ့အနေနဲ့ ဒီမှာဆက်နေရင် နေရာရဖို့ မသေချာသလို အသင်းကနေ ထွက်ခွာရဖို့များနေပါတယ်”လို့ ဒွိုက်ယော့ခ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒွိုက်ယော့ခ်က ယူနိုက်တက်အနေနဲ့ ဆန်ချို ၊ မာရှယ်တို့ကိုလည်း ရောင်းထုတ်သင့်တယ်လို့ ထောက်ခံခဲ့ပါတယ်။ ယူနိုက်တက်ဟာ အသင်းမှာမလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး မေဆင်မောင့်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ အခြားတစ်ဖက်မှာလည်း တိုက်စစ်မှူး နဲ့ ဂိုးသမားတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဒွိုက်ယော့ခ်