ရှေ့သို့
Image

အိုနာနာကို ခေါ်ယူဖို့ ယူနိုက်တက်ကို ထောက်ခံလိုက်တဲ့ ဘာဘာတော့ဗ်

10:36 AM, 24 June

ကလပ်နှင့်ကစားသမားရဲ့အေးဂျင့်တို့ တွေ့ဆုံခဲ့ပါတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယူနိုက်တက် အနေနဲ့ အိုနာနာကို ခေါ်ယူနိုင်ဖို့ ဘာဘာတော့ဗ်က မျှော်လင့်နေပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၁၂ နှစ်ကြာ ကစားပြီးနောက် ဒီနွေရာသီမှာ ဒီဂီယာက ထွက်ခွာဖို့ များနေတာကြောင့် ယူနိုက်တက်ဟာ ဈေးကွက်မှာ ဂိုးသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဂိုးသမားကို သက်တမ်းတိုးဖို့ အပြုသဘောဆောင်တဲ့ ပြောဆိုမှုများရှိသော်လည်း ယူနိုက်တက်အနေနဲ့ သူ့ကို ထွက်ခွာခွင့်ပေးပြီး တန်ဟက်အလိုရှိနေတဲ့ ဂိုးသမားကို‌ခေါ်ယူမယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။ တော်တော်များများနှင့် နာမည်ထွက်ခဲ့သော်လည်း အင်တာမီလန်အသင်းရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိမှုတွင် လက်စွမ်းပြနိုင်ခဲ့တဲ့ အိုနာနာက အဖြစ်နိုင်ဆုံးဖြစ်နေပါတယ်။

အေဂျက်စ်မှာတုန်းက တန်ဟက်ရဲ့လက်အောက်မှာ ကစားခဲ့တဲ့ ကင်မရွန်းဂိုးသမားကိုခေါ်ယူဖို့ ယူနိုက်တက်ဟာ ပေါင် ၃၅ သန်းအသုံးပြုရန် အဆင်သင့်ဖြစ်နေသော်လည်း အင်တာကတော့ ပေါင် ၄၅ သန်းဖြင့် ဈေးကိုင်ထားပါတယ်။ အိုနားနားရဲ့ အေးဂျင့်ဟာ ကြာသပတေးနေ့တုန်းက ပရီးမီးယားလိဂ်ကလပ်နှင့် တိုက်ရိုက်တွေ့ဆုံခဲ့ပါတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

ဒီဂီယာထွက်ခွာသွားပါက သူ့ရဲ့နေရာကိုအစားထိုးဖို့ တန်ဟက်နှင့်သူ့ရဲ့အဖွဲ့သားတွေက ရှာဖွေနေကြတာဖြစ်ပြီး ဘာဘာတော့ဗ်ကတော့ မန်စီးတီးပွဲမှာ လက်စွမ်းပြသခဲ့တဲ့ အိုနားနားကို သဘောကျနေပါတယ်။

"ဒီနွေရာသီမှာ ဒီဂီယာထွက်ခွာသွားမယ်ဆိုရင် ကျွန်တော်ကတော့ အိုနာနာ ဒါမှမဟုတ် အေစီမီလန်က မိုက်ခ်မိုင်နန်ကိုခေါ်ယူစေချင်ပါတယ်" "ဒီဂိုးသမား ၂ဦးစလုံးက အရမ်းကိုကောင်းပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို ကြည့်ခဲ့တဲ့သူတိုင်း အိုနားနားကို သဘောကျမှာပါ" လို့ ယူနိုက်တက်တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်က Betfred သို့ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် အိုနာနာဟာ အင်တာသို့ ပြီးခဲ့တဲ့နွေရာသီက ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားကာ ၄၁ ပွဲမှာ ၃၆ ဂိုးသာ ပေးထားရခြင်းက ဘာကြောင်း ဈေးကြီးနေတာလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီဂီယာကို ဆက်ထိန်းထားသင့်ပြီး ရွှေလက်အိတ်ဆုရရှိထားတဲ့ ကစားသမားက လေးစားမှုနဲ့ပိုပြီးထိုက်တန်ပါတယ်လို့ ဘာဘာတော့ဗ်က ပြောထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘာဘာတော့ဗ် #အိုနာနာ