ရှေ့သို့
Image

မိုနာကိုစတားအတွက် အပြိုင်ကြဲဖို့ပြင်လာတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ယူနိုက်တက်

3:32 PM, 23 June

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေဖြင့် ကာလရှည်ကြာ အားနည်းနေတဲ့ နောက်တန်းကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေပြီး မိုနာကိုအသင်းတွင် အနာဂတ်မရေမရာဖြစ်လာတဲ့ ဒီဆာဆီကို ပစ်မှတ်ထားနေချိန် နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ ဟော်ကင်းစ်ရဲ့ အဆိုအရ ယူနိုက်တက်အသင်း ခေါ်ယူရန် ချိတ်ဆက်ဆောင်ရွက်နေတဲ့ မိုနာကို စတားကို ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားလာပြီး ကစားသမားအတွက် မိုနာကိုအသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ သတ်မှတ်တောင်းဆိုထားတာသလို သရဲနီတို့ရဲ့ အပြောင်းအရွှေ့ဖော်ဆောင်မှုကလည်း နှေးကွေးနေတာလည်း ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေဖြင့် စီနီယာနောက်တန်း ကစားသမားတွေဖြစ်တဲ့ အဲရစ်ဘိုင်လီ၊ ဟယ်ရီမက်ဂွာရီတို့ရဲ့ အနာဂတ် မရေရာနေချိန် အဓိကအားထားရပြီး ကစားကွက်နဲ့ အံဝင်နိုင်တဲ့ နောက်တန်းကစားသမား တစ်ဦးကို ရှာဖွေနေပြီး နာပိုလီ နောက်တန်းကစားသမား ကင်မင်ဂျယ်ကို ချိတ်ဆက်ခဲ့ဖူးသလို ပြင်သစ်လက်ကစားသမားနဲ့ လည်း သတင်းတွေ ထွက်လာတာလည်း ဖြစ်ပါတယ်။

မိုနာကိုအသင်းတွင် ခြေစွမ်းပြ ကစားနေတဲ့ ဒီဆာဆီကလည်း ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားခွင့်ရရေးအတွက် လမ်းဖွင့်ထားပြီး အပြောင်းအရွှေ့ဖော်ဆောင်လာနိုင်ပါက အို့ထရက်ဖို့ဒ် အခြေစိုက်ကလပ်တွင် ပွဲထွက်ကစားသမားတစ်ဦး အဖြစ် ဦးစားပေးခံရလာဖွယ်ရှိနေသလို အပြောင်းအရွှေ့ဈေးကွက် အတွင်း ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ပါ ဝင်ရောက်လာတာကြောင့် စိတ်ဝင်စားစရာအနေအထားတစ်ရပ်လည်း ဖြစ်ပါတယ်။

ဗဟိုနောက်တန်းကစားသမားတစ်ဦးအဖြစ်သာမက ညနောက်တန်း အစွန်ကစားသမားအဖြစ်ပါ ကစားနိုင်တဲ့ အသက် ၂၅နှစ်အရွယ် ဒီဆာဆီအနေဖြင့် ကြံ့ခိုင်မှု အားကောင်းကောင်းဖြင့် တိုက်စစ်လိုက်ပါမှု အားကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်တာနဲ့ အညီ ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် မိုနာကိုအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ၅၀ အထိ ဝင်ရောက်ကစားကာ သွင်းဂိုး ၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မိုနာကို #ချဲလ်ဆီး #အာဆင်နယ် #ဒီဆာဆီ