ရှေ့သို့
Image

ယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် ချူအာမန်နီကို ခေါ်သင့်ကြောင်း တိုက်တွန်းလိုက်တဲ့ ဖာဒီနန်

2:00 PM, 23 June

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် တိုက်စစ်ပိုင်းအတွက် ပြင်ဆင်နေပြီး စာချူပ်ကိစ္စ ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ကစားခွင့် မရေမရာဖြစ်လာတဲ့ ကွင်းလယ်ကစားသမား ချူအာမန်နီကို ခေါ်ယူသင့်တဲ့အကြောင်း ဂန္ဓဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ဖာဒီနန်က အကြံပြုတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Telegraph ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် အသင်း အနေဖြင့် ရှေ့လာမယ့် ဘောလုံးရာသီအတွက် အဓိက ပြင်ဆင်မှုလုပ်ဆောင်ရန် ကြိုးစားတဲ့ နေရာမှာ ပစ်မှတ်ကစားသမား ဖြစ်လာတဲ့ ချဲလ်ဆီး စတားအတွက် ချဉ်းကပ်မှု ပြုလုပ်ရာမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မေဆင်မောင့်အတွက် ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀အထက်မှာ တောင်းဆိုထားတာမှန်ပေမဲ့ ကလပ်အသင်းပိုင်ရှင် အကူးအပြောင်း မရေရောသေးချိန် ဖြစ်တာကြောင့် ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း သာ ပေးချေရန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက နည်းပြ တန်ဟတ်ရဲ့ အစီအစဉ်ဖြင့် အဓိက ကစားသမားအချို့ကို ရောင်းချရန် ပြင်ဆင်နေသလို ကစားကွက်တွင် အံဝင်နိုင်မယ့် ကစားသမားအချို့ကို ခေါ်ယူရန် ချိတ်ဆက်လုပ်ဆောင်နေချိန်မှာ ဖာဒီနန်က ကွင်းလယ်ပိုင်းအတွက် ကစားအား မာကျောတဲ့ ပြင်သစ်ကွင်းလယ်လူကို ခေါ်ယူရန် တိုက်တွန်းအကြံပေးလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းက ချူအာမန်နီကို ခေါ်ယူသင့်ကြောင်းနဲ့ ပတ်သက်လို့ ဖာဒီနန်က“ကွင်းလယ်မှာ ဘရူနိုလို တိုက်စစ်အားသန်တဲ့ အရည်အသွေးမြင့် ကစားသမားမျိုးရှိတယ်ဗျာ။ ပြီးတော့ နံပါတ် ၈ နေရာမှာလည်း ကစားတတ်တဲ့ အဲရစ်ဆင်အပြင် ဖရက်နဲ့ တိုမီနေးတို့လည်း အရံအဖြစ်ရှိနေတယ်။ နံပါတ် ၈နေရာမှာ ကောင်းကောင်း ရွှေ့လျားကစားနိုင်တဲ့ ချူအာမန်နီလို ကစားသမားမျိုးကိုသာ ဖြည့်တင်းလိုက်နိုင်ရင် ဘရူနိုဆီကနေ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပိုမြင်လာရမှာပါ” လို့အကြံပြု တိုက်တွန်းစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #ချူအာမန်နီ #ပရီးမီးယားလိဂ်