ရှေ့သို့
Image

ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုကို ပေါင်သန်း ၈၀နဲ့ ထပ်မံကမ်းလှမ်းဖို့ ချဲလ်ဆီးပြင်ဆင်

11:20 AM, 23 June

ချဲလ်ဆီးအသင်းဟာ ကိုင်ဟားဗက်ဇ်၊ ဇီယက်ချ်၊ ကူလီဘာလေ ၊ မန်ဒီတို့ကို ရှင်းထုတ်ပြီးနောက် ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆိဒိုကို ကမ်းလှမ်းမှုအသစ်ထပ်လုပ်မယ်လို့ သိရပါတယ်။

သတင်းတွေအရ ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၂ ပတ်က ပေါင်သန်း ၆၀ နဲ့ ကိုင်ဆီဒိုကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် အခုတစ်ကြိမ်မှာတော့ပေါင်သန်း ၈၀ နဲ့ တိုးမြှင့်ကမ်းလှမ်းမယ်လို့ သိရပါတယ်။ အီကွေဒေါသားကို အသင်းကနေ ထွက်ခွာသွားတဲ့ ကန်တီနေရာမှာ အစားထိုးမှာဖြစ်ပြီး စီးတီးထံ ကိုဗာဆစ်အပြင် မေဆင်မောင့်ကိုလည်း ယူနိုက်တက်ထံလက်လွှတ်ရဖို့များနေပါတယ်။

သတင်းတွေအရ ချဲလ်ဆီးဟာ ကိုင်ဆီဒိုကို ပေါင်သန်း ၈၀ ကျော်လောက်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ အန်ဇိုဖာနန်ဒက်ဇ်နဲ့တွဲဖက်ဖို့ ကစားသမားသစ်ရှာဖွေနေတာာဖြစ်ပါတယ်။ ကနဦးတုန်းက ချဲလ်ဆီးအနေနဲ့ ယူဂါတီကို ချိတ်ဆက်ခဲ့တာဖြစ်ပြီး ကစားသမားက ပီအက်စ်ဂျီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ချဲလ်ဆီးအသင်းကိုနည်းမပြရသေးပေမယ့် လာမယ့်ရာသီသစ်မတိုင်ခင် ကစားသမားသစ်တွေ ခေါ်ယူချင်နေပါတယ်။ ချဲလ်ဆီးဟာ ကိုင်ဟားဗက်ဇ်ကို အာဆင်နယ်ထံပေါင် ၆၅ သန်းနဲ့ ရောင်းချထားပြီးဖြစ်ကာ  လက်ရှိမှာ ဗီလာရီးရဲလ်စတား ဂျက်ဆင်ကို ခေါ်ယူထားခဲ့ပါတယ်။

ကစားသမား ၁၈ ဦးအတွက်ပေါင်သန်း ၆၀၀ ကျော် အသုံးပြုထားခဲ့ပေမယ့် ချဲလ်ဆီးက အမှတ်ပေးဇယားအောက်ခြေမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အန်ကူကူကိုလည်း ပေါင် ၅၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ၂၀၂၃ - ၂၄ ရာသီမှာ ချဲလ်ဆီးအနေနဲ့ လီဗာပူးနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဘရိုက်တန် #အပြောင်းအရွှေ့ #ကိုင်ဆီဒို