ရှေ့သို့
Image

ဝေါ်ကာရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတာ အခြေအနေကောင်းနေတဲ့ ဘိုင်ယန်မြူးနစ်

9:32 AM, 23 June

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီမှာ မန်စီးတီးစတား ကိုင်လီဝေါ်ကာကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ စီးတီးညာနောက်ခံလူဟာ အသင်းနဲ့အတူ ဖလား ၃ လုံး ချန်ပီယံဖြစ်ခဲ့ပြီးနောက် အခုနွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေပြီး ဘိုင်ယန်က ပေါင် ၁၅ သန်းနဲ့ ခေါ်ယူချင်နေပါတယ်။

အခုအပတ်သတင်းတွေအရ  စီးတီးအနေနဲ့ ဝေါ်ကာကို ဆက်ထိန်းထားရင် ဆက်နေဖို့ အလိုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုတော့ ဂျာမန်သင်းတွေအရ ဘိုင်ယန်ဟာ အင်္ဂလန်သားကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကာ ၁ နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။

၂ ဦး ၂ ဖက် သဘောတူညီမှုရဖို့ နီးစပ်နေပြီး ဘိုင်ယန်အနေနဲ့ သာမန်ဆိုရင် အသက် ၃၀ ကျော်ကစားသမားတွေကို ၁ နှစ်စာချုပ်သာ ကမ်းလှမ်းလေ့ရှိပေမယ့် အခုတော့ ဝေါ်ကာကို ၃ နှစ်လောက်အထိ ရှိစေမယ့် စာချုပ်မျိုး ကမ်းလှမ်းထားတာဖြစ်ပါတယ်။ တူချယ်ကလည်း ဝေါ်ကာနဲ့စကားပြောနေဆိုနေပြီး ဘိုင်ယန်အတွက် အရေးပါတဲ့သူ ဖြစ်လာဖို့များနေပါတယ်။ ဝေါ်ကာဟာ အင်တာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဝေါ်ကာကို ဘိုင်ယန်အပြင် ရှက်ဖီးလ်ယူနိုက်တက်ကလည်း ခေါ်ယူချင်နေကာ ဘိုင်ယန်က ချန်ပီယံလိဂ်နဲ့ ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ ဝေါ်ကာရဲ့မိခင်မြို့ဟာ ရှက်ဖီးလ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ကိုင်လီဝေါ်ကာ #ဘိုင်ယန်မြူးနစ်