ရှေ့သို့
Image

ဗဟိုကွင်းလယ်လူနေရာက အာနိုးလ်အတွက် အသင့်တော်ဆုံးပဲလို့ ယုံကြည်နေတဲ့ ကာရေဂါ

11:30 AM, 21 June

နာမည်ကျော်ဘောလုံးသုံးသပ်သူ ကာရေဂါက အင်္ဂလန်အသင်းအတွက် ဗဟိုကွင်းလယ်လူနေရာဟာ အာနိုးလ်ရဲ့အကောင်းဆုံး နေရာဖြစ်တယ်လို့ ယူဆနေပြီး လက်ရှိအင်္ဂလန်အသင်းရဲ့ ပွဲထွက်အလယ်တန်းကစားသမား စာရင်းမှာ အာနိုးလ် ပါဝင်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးဂန္တဝင်ကစားသမားက အင်္ဂလန်နည်းပြဆောက်ဂိတ် အနေနဲ့ ပွဲထွက်ခွင့်အတွက်ပြိုင်ဆိုင်မှုများပြားတဲ့ ညာနောက်ခံလူနေရာမှာ အသက်-၂၄ နှစ်အရွယ်အန်ဖီးလ်ကြယ်ပွင့်ကို ဆက်လက်ကစားစေဖို့ မရှိဘူးလို့ ယုံကြည်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ခြေစစ်ပွဲတွေဖြစ်တဲ့ မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ အာနိုးလ်က ကွင်းလယ်သုံးယောက်တန်းရဲ့ ညာခြမ်းကွင်းလယ်လူအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Radio 5 Live အစီအစဉ်အတွင်း ကာရေဂါက “နောက်ဆုံး ကစားခဲ့တဲ့နှစ်ပွဲမှာ အာနိုးလ်က အင်္ဂလန်အသင်းအတွက် တစ်စုံတစ်ရာပေးစွမ်းနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှန်ပါပဲ၊ အခုပွဲစဉ်ပြိုင်ဘက်တွေက လာမယ့်နွေရာသီ၊ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အင်္ဂလန်အတွက်ဆိုရင် ဒီနေရာက သူ့အတွက် အကောင်းဆုံးနေရာပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်ညာနောက်ခံလူနေရာမှာ ကစားသမားကောင်းတွေ ရှိနေတာကြောင့် ညာနောက်ခံလူနေရာအတွက် အာနိုးလ်ကို ဆောက်ဂိတ် မသုံးလောက်ဘူးဆိုတာ ကျွန်တော်တို့ သိထားလို့ဖြစ်ပါတယ်”

အခုဆိုရင် “ဘယ်လင်ဟမ်၊ အာနိုးလ်နဲ့ ဒီကလန်ရိုက်စ်တို့က ပွဲထွက်ကွင်းလယ်သုံးယောက်တန်း ဖြစ်လာပါလိမ့်မယ်။ မေဆင်မောင့်ကလည်း ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ဒီနေရာအတွက် ပါဝင်လာနိုင်ဖွယ် ရှိသူတစ်ဦးဖြစ်ပါတယ်။ လာမယ့် အင်္ဂလန်အသင်းအတွက်ဆိုရင် ဆောက်ဂိတ်က သူ့အသင်းကွင်းလယ်ပိုင်းရဲ့ဖန်တီးမှုကို ကြည့်ရှုသွားရပါလိမ့်မယ်။ လီဗာပူးအသင်းနဲ့ ပတ်သက်လို့ အာနိုးလ်ရဲ့အကြောင်းဆွေးနွေးရမယ်ဆိုရင်တော့ နောက်ထပ်အကြောင်းအရာသစ်တစ်ခုကို ဖွင့်လှစ်သွားရမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ လီဗာပူးမှာဆိုရင်လည်း အာနိုးလ်က နောက်ခံအစွန်လူနေရာကနေ ကွင်းလယ်ပိုင်းအထိ တက်ရောက်ကစားနေတာပါပဲ။ သူက ဗဟိုကွင်းလယ်လူနေရာမှာ ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုလအတွင်းကစားခဲ့ရတဲ့ အင်္ဂလန်အသင်းရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်နှစ်ပွဲမှာလည်း အာနိုးလ်က သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။ မော်လ်တာကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာ အာနိုးလ်က အဖွင့်ဂိုးအတွက် ကစားကွက်တည်ဆောက်ပေးခဲ့လို့ အသင်းအတွက်လည်း သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။

မြောက်မက်ဆီဒိုးနီးယားကို ခုနစ်ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း လီဗာပူးကြယ်ပွင့်က ဆာကာရဲ့သွင်းဂိုးတွေ အတွက် ကစားကွက်တည်ဆောက်ပေးခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ရယူနိုင်ခဲ့ပါတယ်။

#လီဗာပူး #အာနိုးလ် #ကာရေဂါ #ပရီးမီးယားလိဂ်