ရှေ့သို့
Image

ယူရို ၂၀၂၄ မှာ ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ လူကာမိုဒရစ်

9:02 AM, 21 June

တနင်္ဂနွေနေ့က နေးရှင်းလိဂ်ဖိုင်နယ်မှာ စပိန်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် မိုဒရစ်အတွက် အခုပြိုင်ပွဲက ခရိုအေးရှားအင်္ကျီဝတ်ဆင်ခဲ့တဲ့နောက်ဆုံးပွဲ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ စက်တင်ဘာမှာ အသက် ၃၈ နှစ်ပြည့်မယ့် မိုဒရစ်ဟာ နေးရှင်းလိဂ်ဖိုင်နယ်မှာ စပိန်ကို ပင်နယ်တီအဆုံးအဖြတ် ၅-၄ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ခရိုအေးရှားသတင်းဌာန 24Sata ကတော့ မိုဒရစ်ဟာ နိုင်ငံအသင်းအတွက် ယူရို ၂၀၂၄ မှာ ပါဝင်ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ နိုင်ငံအသင်းခေါင်းဆောင် မိုဒရစ်ဟာ အသင်းအတွက် ၁၆၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အနာဂတ်ကို ကျွန်တော်ဆုံးဖြတ်မှာပါ။ ကျွန်တော့်စိတ်ထဲမှာ အရမ်းရှင်းလင်းပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေ့မှာ ဘာမှမကြေညာပါဘူး”လို့ သတင်းထောက်တွေကို မိုဒရစ်က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ ဒီမျိုးဆက်သစ်က အလုံးစုံမပြီးသေးပါဘူး။ မနေ့က သူ့အတွက် တကယ်ဆိုးဝါးတဲ့ခံစားမှုတွေပြည့်တဲ့နေ့ပါ။ သူ့ကိုအနားပေးပြီး သူဘာတွေးနေလဲဆိုတာ ကျွန်တော်တို့ကို ပြောပါလိမ့်မယ်”လို့ နည်းပြ ဒါလစ်က ပြောကြားခဲ့ပါတယ်။

မိုဒရစ်ဟာ ခရိုအေးရှား အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဒုတိယနဲ့ နေးရှင်းလိဂ်ဖိုင်နယ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားတုန်းကတော့ တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ခရိုအေးရှားဟာ လာမယ့်စက်တင်ဘာလမှာ လတ်ဗီးယား ၊ အာမေးနီးယားတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

#ခရိုအေးရှား #မိုဒရစ် ယူရို၂၀၂၄ခြေစစ်ပွဲ