ရှေ့သို့
Image

အန်ဒိုနီအီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဘုန်းမောက်အသင်း ကြေညာ

9:56 AM, 20 June

ဘုန်းမောက်အသင်းကတော့ တနလာၤနေ့တုန်းက ဂယ်ရီအိုနေးလ်ကို ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်အဖြစ် အီရာအိုလာကို ခန့်အပ်လိုက်ပါတယ်။ အိုနေးလ်ကတော့ အဆိုပါဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အံ့အားသင့်နေကာ ဗယ်လက်ကာနိုနည်းပြဟောင်း အီရာအိုလာက နည်းပြသစ်ချက်ချင်းဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဘုန်းမောက်ကို တန်းတင်ကျန်ရစ်အောင် အိုနေးလ်က လုပ်ဆောင်နိုင်ခဲ့တာကြောင့် လာမယ့် ၂၀၂၃ - ၂၄ ရာသီမှာလည်း ဆက်လက်ကိုင်တွယ်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တနလာၤနေ့ မနက်ခင်းမှာတော့ အိုနေးလ်တစ်ယောက် ပိုင်ရှင် ဖိုလေရဲ့ဖုန်းကိုလက်ခံရရှိခဲ့ပြီး အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါသတင်းက အိုနေးလ်အတွက် အံ့အားသင့်စေခဲ့သလို အသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတောင် လုပ်နေတာဖြစ်ပါတယ်။ သတင်းတွေအရ အိုနေးလ်တစ်ယောက် အထုတ်ခံရမှုနဲ့ပတ်သက်ပြီး သဘောမတူဖြစ်နေတယ်လို့ သိရပါတယ်။ ဘုန်းမောက်ဟာ နိုဝင်ဘာလတုန်းက ဘီယဲလ်ဆာကို ခန့်အပ်ဖို့ လုပ်ဆောင်ခဲ့သေးပေမယ့် အဆုံးသတ်မှာတော့ အိုနေးလ်ကိုပဲ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းဟာ နည်းပြသစ် အီရာအိုလာကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ အန်ဒိုနီကို အသင်းထံခေါ်ယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိပါတယ်။ သူက အခုနွေရာသီမှာ စပိန်ကလပ်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။ ကျွန်တော်တို့ အလျင်အမြန်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူကတကယ်ကောင်းတဲ့ နည်းပြတစ်ဦးဖြစ်သလို ကစားဟန်အပြင် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေလည်း ချနိုင်ပါတယ်။ စပိန်မှာလည်း အောင်မြင်ခဲ့ပြီး အသင်းထံ မှန်ကန်တဲ့ နည်းပြခေါ်ယူနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်”လို့ ဖိုလေက ပြောကြားခဲ့ပါတယ်။

#အပြောင်းအရွှေ့ #ဘုန်းမောက်လ် #အိုနေးလ် #အီရာအိုလာ