ရှေ့သို့
Image

ဂမ်ဒိုဂန်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေတဲ့ ဂွါဒီယိုလာ

8:59 AM, 20 June

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂမ်ဒိုဂန်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ စီးတီးဟာ အခုရာသီမှာ ဆုဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ပေမယ့် ဂန်ဒိုဂန်က အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာထံပြောင်းချင်နေပါတယ်။

အခုချိန်မှာလည်း စီးတီးအနေနဲ့ ဂမ်ဒိုဂန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့် ကစားသမားကိုယ်တိုင်က စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ချင်နေတာဖြစ်ပါတယ်။ အခုအပတ်အင်တာဗျူးမှာ ဂွါဒီယိုလာက ဂမ်ဒိုဂန်ကို ဆက်ထိန်းထားချင်တဲ့အကြောင်း ပြောကြားချင်ပါတယ်။ ဂျာမန်သားဟာ ဂွါဒီယိုလာလက်အောက်မှာ ပုံစံကောင်းရနေတာဖြစ်ပြီး အခုရာသီဆုဖလား အောင်မြင်မှုတွေမှာ အရေးပါခဲ့တာဖြစ်ပါတယ်။

“သူ့ကို ဘာစီလိုနာအသင်းက အရမ်းစိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ စီးတီးကလည်း အရမ်းစိတ်ဝင်စားနေပါတယ်။ ကျွန်တော်တို့ ၂ သင်းစလုံးက စိတ်ဝင်စားနေပါတယ်။ သူဆက်နေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူဘာစီလိုနာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရင်လည်း တကယ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်