ရှေ့သို့
Image

ဗီလာတိုက်စစ်ကစားသမား အိုလီဝက်ကင်းကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

3:13 PM, 19 June

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ရှေ့လာမယ့် ဘောလုံးရာသီအတွက် တိုက်စစ်ပိုင်း ပြင်ဆင်နေပြီး ကိန်းပါအဝင် ထိပ်တန်းကစားသမားအချို့ကို ပစ်မှတ်ထားလာသလို အက်စ်တွန်ဗီလာ အသင်းမှာ ခြေစွမ်းပြကစားကာ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့တဲ့ အိုလီဝက်ကင်းကို ခေါ်ယူရန် ချိန်ရွယ်လာတာပဲ ဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Telegraph ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် ချဲလ်ဆီးအသင်းကနေ မေဆန်မောင့်အား ခေါ်ယူရန် ကြိုစားနေပြီး ရှေ့လာမယ့် ဘောလုံးရာသီအတွက် ပြင်ဆင်မှုလုပ်ဆောင်ရန် ကြိုးစားတဲ့ နေရာမှာ အဓိက ပစ်မှတ်ကစားသမား ဟယ်ရီကိန်းအတွက် ခေါ်ယူရန် ခက်ခဲနေချိန် ဟွိုင်လန်းကို ချိတ်ဆက်နေသလို ဗီလာစတားအတွက်ပါ စိတ်ဝင်စားမှု မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အခြားပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ မေဆန်မောင့်အတွက် ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အထက်မှာ တောင်းဆိုထားတာမှန်ပေမဲ့ ကလပ်အသင်းပိုင်ရှင် အကူးအပြောင်း မရေရောသေးချိန် ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း သာ ပေးချေရန် လုပ်ဆောင်နေတာကြောင့် အပြောင်းအရွှေ့က အထမမြောက်သေးတာပဲ ဖြစ်ပါတယ်။

အို့ထရက်ဖို့ဒ် အခြေစိုက်ကလပ်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်လာတဲ့ ဝက်ကင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း နည်းပြ အူနိုင်းအမ်မရီရဲ့ အက်စ်တွန်ဗီလာအသင်းတွင် ပွဲ ၄၀ အထိ ကစားထားပြီး သွင်းဂိုး ၁၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ဝက်ကင်းစ် #ပရီးမီးယားလိဂ်