ရှေ့သို့
Image

အာဆင်နယ်စတားတစ်ဦး အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ရိုမာနို အခိုင်အမာဆို

11:24 AM, 19 June

နာမည်ကျော်သတင်းထောက် ရိုမာနိုက သောမက်စ်ပါတေးတစ်ယောက် အခုနွေရာသီမှာ အာဆင်နယ်ကနေ ထွက်ခွာနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“ပါတေးတစ်ယောက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ပါတယ်။ အသင်းတော်တော်များများက စိတ်ဝင်စားနေပါတယ်။ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၅ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးခြင်းမရှိပါဘူး။ အာဆင်နယ်က ရိုက်စ်ကိုအဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲပါ”လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။

ပါတေးဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဒဏ်ရာရခဲ့တာကြောင့် ၄၀ ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားရဲ့စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်တော့တာဖြစ်ပြီး အာဆင်နယ်က သက်တမ်းတိုးဖို့ထက် ဒီကလန်ရိုက်စ်ကိုသာ အဓိကအာရုံစိုက်နေတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းစတားရောက်လာခဲ့ရင် အာဆင်နယ်ဟာ ပါတေးကိုလည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဇာခါကိုလည်း လက်လွှတ်ရမှာဖြစ်သလို ဂျော်ဂျင်ဟိုကလည်း ၂၀၂၄ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ပါတေးထွက်ခွာဖြစ်ခဲ့ရင် အာဆင်နယ်အနေနဲ့ ရိုက်စ်အပြင် အခြားကွင်းလယ်လူ တစ်ဦးပါ ခေါ်ယူရဖွယ်ရှိနေပြီး ဆောက်သမ်တန်စတား လီဗီယာကို ခေါ်ယူချင်နေပါတယ်။

#အာဆင်နယ် #ပါတေး #ရိုမာနို #ပရီးမီးယားလိဂ်