ရှေ့သို့
Image

ဘရန့်ဖို့ဒ် အနေနဲ့ မိမိကို ထွက်ခွာခွင့်ပေးသင့်ကြောင်း ဒေးဗစ်ရာယာ ပြောကြား

10:34 AM, 18 June

ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာက တော့တင်ဟမ်နဲ့ ယူနိုက်တက်တို့ စိတ်ဝင်စားနေချိန်မှာ ဘရန့်ဖို့ဒ်အသင်း အနေနဲ့ မိမိကိုထွက်ခွာခွင့်ပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ အသက် ၂၇ နှစ်သားကို ခေါ်ယူဖို့ထိပ်ဆုံးက ဦးဆောင်နေပြီး ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားကာ ဘရန့်ဖို့ဒ်က ပေါင်သန်း ၄၀ သတ်မှတ်ထားပါတယ်။

လိုရစ်နေရာမှာ တော့တင်ဟမ်က ခေါ်ယူဖို့ ပြင်ဆင်နေကာ ရာယာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးသာဆွေးနွေးဖို့ ကျန်တော့တာဖြစ်ပါတယ်။  ရာယာရဲ့စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေကာ ဘရန့်ဖို့ဒ်က မာ့ခ်ဖလီကန်ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

“ကျွန်တော်ထွက်ခွာမှာနဲ့ ပတ်သက်ပြီး သတင်းတွေထွက်နေတယ်ဆိုတာ သိပါတယ်။ ကျွန်တော်ထွက်ခွာဖို့ ရွေးချယ်စရာအချို့ရှိနေပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်က ကျွန်တော့်အတွက် အများကြီးတောင်းဆိုနေပါတယ်။ အဲ့တာက အသင်းတွေ ကျွန်တော့်ကို မဝယ်နိုင်အောင်ပါ။ သူတို့ တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့တန်ကြေးပေးမယ်ဆိုရင် ကျန်တာက သူတို့အပိုင်းဖြစ်ပါပြီ။ ကျွန်တော့်စာချုပ်သက်တမ်းက ၁ နှစ်ကျန်နေပါသေးတယ်။ အဲ့မတိုင်ခင်အထိ ဘရန့်ဖို့ဒ်ဂိုးသမားပါ။ ကျွန်တော်ဘာမှမလုပ်နိုင်ပါဘူး။ ကျွန်တော့်ဘဝကို နောက်တစ်ဆင့်တက်ချင်ပါတယ်။ ဆုဖလားတွေအောင်မြင်မှုရချင်ပြီး ဥရောပမှာ ပြိုင်ဆိုင်ချင်ပါတယ်။ ကျွန်တော့်အသက်က ၂၇ နှစ်ရှိနေပါပြီ။ ကျွန်တော့်ဘဝနောက်တစ်ဆင့်တက်ချင်ပါတယ်။ အသင်းက ကျွန်တော့်ကို ထွက်ခွာခွင့်ပေးသင့်ပါတယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ကစားသမားပါ။ အသင်းအတွက် အကုန်ပေးဆပ်ခဲ့ပြီးပါပြီ။ အဲ့တာက ကျွန်တော့်အလုပ်ပါ။ ပြီးခဲ့တဲ့ရာသီကထက် အခုရာသီမှာ ပိုကောင်းအောင်လုပ်မှာပါ”လို့ ရာယာက ပြောကြားခဲ့ပါတယ်။

ရာယာဟာ စပိန်အသင်းနဲ့ပူးပေါင်းနေပြီး ဖိုင်နယ်မှာ ခရိုအေးရှားကိုအနိုင်ရခဲ့ရင် နေးရှင်းလိဂ်ဖလားကိုရရှိမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ဘရန့်ဖို့ဒ် #အပြောင်းအရွှေ့ #ရာယာ