ရှေ့သို့
Image

ပွဲထွက်ဂိုးသမားနေရာ အတွက် ဂျော်ဒန်ပစ်ဖို့ဒ်ကို ချိန်ရွယ်လာတဲ့ ယူနိုက်တက်

10:27 AM, 18 June

ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲများအတွင်း ပြန်လည် ဦးမော့နိုင်ရေးအတွက် နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံး ပြုပြင်တည်ဆောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ရှေ့လာမယ့် ဘောလုံးရာသီအတွက် အနာဂတ်မရေမရာ ဖြစ်လာတဲ့ ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာနေရာတွင် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်နဲ့ အစားထိုးရန် ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

အဲဗာတန်အသင်းက  ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ခြေစွမ်းပိုင်းအရ အတော်လေး ရုန်းကန်ခဲ့ရပြီး နည်းပြ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ရကာ နည်းပြ ရှောင်ဒိုက်ရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်း တိုးတက်လာကာ ရာသီကုန်တွင် တန်းတင်ကျန်ခွင့်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်အချို့ရဲ့ ဖော်ပြချက်အရ မာဆေးဆိုဒ်ကလပ်အနေဖြင့် ကာလရှည် အားထားခဲ့ရတဲ့ အဓိက ဂိုးသမား ဂျော်ဒန်ပစ်ဖို့အား  လာမယ့်ရာသီတွင် ရောင်းချနိုင်ရန်အတွက် ဈေးကွက်တင်ရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ သက်တမ်းရှည်ကြာ အို့ထရက်ဖို့ဒ်ကလပ်တွင် ကစားခဲ့တဲ့ ဝါရင့်ဂိုးသမား ဒီဂီယာရဲ့ စာချူပ်သက်တမ်းတိုးမြှင့်ရေး ကိစ္စ မဖော်ဆောင်နိုင်သေးတာကြောင့် နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက ဂိုးသမားနေရာအတွက် ရှာဖွေနေပြီး အင်တာမီလန်အသင်းရဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို ကမ်းလှမ်းရန် ပြင်ဆင်နေချိန် အခုလို သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးဖြစ်တဲ့ ပစ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း ဖြင့် ကမ်းလှမ်းရန်အတွက်ပါ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပစ်ဖို့ဒ် #တန်ဟတ် #ပရီးမီးယားလိဂ်