ရှေ့သို့
Image

ဘာစီလိုနာမှာသာ ဆက်ရှိမယ်လို့ပြောလိုက်တဲ့ အာဆင်နယ်နှင့် နယူးကာဆယ်ပစ်မှတ် ရာဖင်ဟာ

10:05 AM, 17 June

အင်္ဂလန်သို့ ပြန်ဖို့ အာဆင်နယ်၊ နယူးကာဆယ်တို့နှင့် ချိတ်ဆက်မှုတွေရှိနေတဲ့ ရာဖင်ဟာက သူ့ရဲအနာဂတ်က ဘာစီလိုနာမှာသာ ရှိနေမယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရာဇီးနိုင်ငံသားဟာ ၂၀၂၂ ခုနှစ်နွေရာသီတုန်းက လိဒ်စ်ယူနိုက်တက်ကနေ ထွက်ခွာကာ နူးကမ့်သို့ ပေါင်သန်း ၅၀ ဖြင့် ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ စပိန်တွင် လာလီဂါဆုဖလား ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်မယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပြီး ဘာစီလိုနာဟာ ကစားသမားရောင်းချမှုကနေ ငွေကြေးလိုအပ်နေသော်လည်း အသင်းနှင့်အတူ ချုပ်ဆိုခဲ့တဲ့ ၅နှစ်စာချုပ်ကို လေးစားသွားမှာဖြစ်ပါတယ်လို့ အသက် ၂၆ နှစ်အရွယ် ကစားသမားက ပြောကြားလိုက်ပါတယ်။

သူ့ရဲ့အနာဂတ်အကြောင်းမေးမြန်းရာတွင် ရာဖင်ဟာက Club Del Deportista သို့ "လာမယ့်ရာသီမှာ ကျွန်တော်က ဘာစီလိုနာမှာပဲဆက်ရှိမှာပါ၊ စာချုပ်သက်တမ်းကလည်း အများကြီးကျန်သေးတာဖြစ်ပြီး အဲ့ဒီနှစ်အတွက် ကျွန်တော် အကောင်းဆုံးလုပ်ဆောင်သွားမျာဖြစ်ပါတယ်" လို့ ပြောထားပါတယ်။

ဘာစီလိုနာရှိ ပထမဆုံးရာသီမှာ ခက်ခဲခဲ့တယ်လို့ ရာဖင်ဟာက ဝန်ခံခဲ့သော်လည်း အခုတော့ အသားကျလာကာ ၂၀၂၃-၂၄ ရာသီမှာ ပိုကောင်းလာမယ်လို့ မျှော်လင့်မိနေတာဖြစ်ပါတယ်။

"ဘာစီလိုနာက ကျွန်တော်ချစ်တဲ့ မြို့ပါ၊ ဘရာဇီးသားတွေက ဒီမှာပျော်ကြပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ၆ လက ခက်ခဲခဲ့ပါတယ်။ ရာသီအစဖြစ်တာကြောင့် ကျွန်တော်က ဂိုးနှင့် ဖန်တီးမှု အနည်းငယ်လောက်ပဲလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ အသားကျလာပြီး အသင်းဖော်တွေကလည်း ကျွန်တော့်ကို အများကြီးကူညီပေးကြပါတယ်" လို့ ရာဖင်ဟာက ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ရာဖင်ဟာက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ၁၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အာဆင်နယ် #နယူးကာဆယ် #ရာဖင်ဟာ