ရှေ့သို့
Image

ဖလားသုံးလုံးရလို့ အောင်ပွဲခံရင်း အသင်းဖော် ဂရီးလစ်ရှ်မိခင်၏ လက်ကိုင်အိတ်ကို ပစ်ပေါက်ခဲ့တဲ့ ရူဘင်ဒီယက်စ်

2:09 PM, 16 June

မန်စီးတီးကြယ်ပွင့် ရူဘင်ဒီယက်စ်သည် မန်စီးတီးအသင်း၏ ဖလားသုံးလုံး ရရှိခဲ့ခြင်းကြောင့် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေချိန်တွင် ဂရီးလစ်ရှ် မိခင်၏ လက်ကိုင်အိတ်ကို ပစ်ပေါက်ခဲ့ကြောင်းသိရပါတယ်။ စနေနေ့က ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်ကို သမိုင်းဝင်အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့ ဝန်ထမ်းတွေက မန်ချက်စတာသို့မပြန်မီ အစ္စတန်ဘူလ်နဲ့ အီဘီဇာမှာ ပျော်ပွဲရွှင်ပွဲတွေ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။

ဂရီးလစ်ရှ်သည် အမူးလွန်စွာဖြင့် အထိမ်းအမှတ်ပွဲများကို ဦးဆောင်ခဲ့ပြီး ဂိုးသမားဖြစ်သူ အီဒါဆန်၏ အဆိုအရ အခြားအသင်းသားများသည် အရက်ကို ဂရီးလစ်ရှ်ကဲ့သို့ မသောက်နိုင်ကြပေ။ လက်ရှိတွင် ဘရာဇီးလ်နိုင်ငံအသင်းသို့ ပြန်လည်ရောက်ရှိနေသည့် အီဒါဆန်သည် အဆိုပါအောင်ပွဲခံအခမ်းအနားတွင် အရက်မသောက်ကြသော ကစားသမားများအကြောင်းကိုပြောခဲ့ပါတယ်။

"အရမ်းပင်ပန်းပြီး မယုံနိုင်လောက်စရာ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ အရင်ကတော့ ယူနိုက်တက်ကပဲ ဒါကို လုပ်နိုင်ခဲ့တယ်၊ သေချာတာကတော့ ကျွန်တော်တို့ ပျော်ပျော်ရွင်ရွှင်နေပြီး ခံစားချက်တွေကို ဖွင့်ထုတ်ရမှာပါ။ ဒါတွေဟာ လနဲ့ချီပြီး အလုပ်ကောင်းကောင်းကြိုးစားခဲ့တာကြောင့်ဖြစ်ပါတယ်။ အသင်းဖော်တွေ ၉၉% က သောက်ပြီး ပျော်နေကြပါတယ်။ ၁ % သောအရက်မသောက်တဲ့ သူတွေ ကတော့ နေသန်အကီ နဲ့ တစ်ချို့တွေပါ။ သူတို့တွေက ခြွင်းချက်ပေါ့။ ရူဘင်ဒီယက်စ် က အဲ့ဒီခြွင်းချက်ထဲမှာပါတယ်၊ ဒါပေမယ့်အောင်ပွဲခံရင်း ဂရီးလစ် အမေရဲ့ လက်ကိုင်အိတ်ကို ပစ်ချမိသွားပါတယ်။ တနင်္လာနေ့ရောက်တော့ အဲ့ဒါတွေအားလုံးကို အဆုံးသတ်လိုက်ကြပါပြီ။ အချိန်ကောင်းတွေကို ပျော်ပျော်ရွင်ရွင်နဲ့ဖြတ်သန်းခဲ့ဖြစ်ကြပါတယ်။

အင်္ဂလန်ကြယ်ပွင့် မန်စီးတီးအသင်းသားများဖြစ်တဲ့ ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဝေါလ်ကာနှင့် ကယ်ဗင်ဖီးလစ်တို့ဟာ လက်ရွေးစင်အသင်းတွင် ပါဝင်လာခဲ့ပြီး သောကြာနေ့ညတွင် ခြေစမ်းပွဲကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က "သူတို့ (မန်စီးတီးကစားသမား)တွေ ရောက်ရှိလာချိန်မှာတော့ သူတို့ နဲ့ စကားပြောခဲ့ပြီးပြီ၊ မယုံနိုင်လောက်စရာ အောင်မြင်မှုတွေအတွက် တစ်သင်းလုံးနဲ့ ဂွာဒီယိုလာကိုလည်း ဂုဏ်ပြုပါတယ်။ ကြီးမားတဲ့ စိတ်ခံစားမှုတွေ ဂုဏ်ပြုပွဲတွေပြီးရင် လေ့ကျင့်ရေးနဲ့ အဖွဲ့ထဲကို ပြန်ဝင်ဖို့ လိုတယ်။ မနက်ဖြန်အတွက် သူတို့အားလုံး ကစားခွင့်ရနိုင်ပေမယ့် အဲဒါက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဟုတ်မဟုတ်တော့ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ ပွဲထွက်ခွင့် တော်တော်များများအတွက်လည်း ကျွန်တော်တို့မှာ အင်အားရှိတယ်"လို့ပြောခဲ့ပါတယ်။

#မန်စီးတီး #ဒီယက်စ် #ဂရီးလစ်ရှ် #ချန်ပီယံလိဂ်