ရှေ့သို့
Image

ဂမ်ဒိုဂန်ကို စိတ်ဝင်စားမှု ရုပ်သိမ်းလိုက်သော ဒေါ့မွန်ကြောင့် အခွင့်အရေးရရှိလာတဲ့ အာဆင်နယ်

2:06 PM, 16 June

အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် မန်စီးတီးကွင်းလယ်လူ ဂမ်ဒိုဂန်ကို ဒေါ့မွန်နှင့် အပြိုင် ခေါ်ယူဖို့ကြိုးစားနေသော်လည်း ဒေါ့မွန်အသင်းသည် အဆိုပါ ကွင်းလယ်ကစားသမားအား စိတ်ဝင်စားမှုကို ရုပ်သိမ်းလိုက်ပြီဟု ဂျာမနီသတင်းများအရ သိရပါတယ်။

မန်စီးတီးကွင်းလယ်ကစားသမားသည် ယခုလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဂွာဒီယိုလာ၏အသင်းနှင့် စာချုပ်သစ် အတွက် သဘောတူညီမှုမရသေးပေ။ အာဆင်နယ်အသင်းသည် အသက် ၃၂ အရွယ် ရှိပြီဖြစ်တဲ့ ဂမ်ဒိုဂန်အား အလွတ်ပြောင်းရွှေ့ကြေးနှင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်း၏ အေးဂျင့်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ဘာစီလိုနာထံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

ဒေါ့မွန်အသင်းကလည်း ဂမ်ဒိုဂန်ကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း Bild ၏အဆိုအရ ကွင်းလယ်ကစားသမားသည် ၎င်း၏အသင်းဟောင်းအား ယခုနွေရာသီတွင် ပြန်လာရန် စိတ်မဝင်စားကြောင်း အသိပေးထားပါတယ်။ ဂမ်ဒိုဂန်သည် အာဆင်နယ်နှင့် ဘာစီလိုနာတို့ကို အလေးအနက်ထား စဉ်းစားနေပြီး ဒေါ့မွန်အသင်းထံသို့ ပြောင်းရွှေ့နိုင်ဖွယ်မရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

ဂမ်ဒိုဂန်ဟာ ဆော်ဒီပရိုလိဂ်မှ ကမ်းလှမ်းမှုများကိုလည်းပယ်ချခဲ့ကြောင်းသိရပါတယ်။ ဒီအတောအတွင်း စပိန်ရှိ သတင်းများကမူ ဂမ်ဒိုဂန်၏ အေးဂျင့်သည် ကွင်းလယ်ကစားသမားအား ရာသီသစ်တွင် လာလီဂါကလပ်ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်ရန် လိုလားနေကြောင်း ဖော်ပြခဲ့ပါတယ်။

လာလီဂါဥက္ကဌ ဂျာဗီယာ တီဘက်စ်က ယခုနှစ်အစောပိုင်းတွင် ဘာစီလိုနာအသင်းကို ၎င်းတို့၏လုပ်ခလစာငွေကို လျှော့မချမချင်း ကစားသမားသစ်များ ခေါ်ယူနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ မက်ဆီကလည်း အင်တာမီယာမီကို ပြောင်းရွှေ့ခဲ့ခြင်းသည် ဒီနွေရာသီမှာ သူ့ပြန်လာဖို့အတွက် တိကျတဲ့ကမ်းလှမ်းမှုကို ဘာစီလိုနာက မပေးနိုင်ဘူးလို့လည်း စွပ်စွဲခဲ့ကြောင်းသိရပါတယ်။

#အာဆင်နယ် #ဒေါ့မွန် #အပြောင်းအရွှေ့ #ဂမ်ဒိုဂန်