ရှေ့သို့
Image

အင်တာမီလန်က ဘာလိုဂမ်ကို အငှားနဲ့ ကမ်းလှမ်းလာပေမယ့် အပြီးရောင်းချဖို့သာ ရည်မှန်းထားတဲ့ အာဆင်နယ်

1:43 PM, 16 June

အင်တာမီလန်သည် ယခုနွေရာသီတွင် အမေရိကန်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဘာလိုဂမ်ကို အငှားဖြင့် ခေါ်ယူရန်အတွက် အာဆင်နယ်အသင်းထံ ကမ်းလှမ်းခဲ့သော်လည်း အာဆင်နယ်အသင်းက အဆိုပါတိုက်စစ်မှူးကို ပေါင် ၃၄ သန်းဖြင့် အပြီးရောင်းချလိုကြောင်းသိရပါတယ်။

အီတလီမီဒီယာများ၏ဖော်ပြချက်အရ အင်တာမီလန်အားကစားဒါရိုက်တာ အော်စီလီယိုသည် ဘာလိုဂမ်၏ အပြောင်းအရွှေ့ဖြစ်နိုင်ချေကို ဆွေးနွေးရန်အတွက် အာဆင်နယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် လန်ဒန်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည့် တိုက်စစ်မှူးသည် ပြီးခဲ့သည့်ရာသီက လီဂူး ၁ တွင် ၂၂ ဂိုး သွင်းယူခဲ့တာကြောင့် ၎င်း၏ဈေးနှုန်းမှာ အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားရော၊ အာဆင်နယ်ကရော နောက်ထပ် အငှားပြောင်းရွှေ့မှုကို မလိုချင်ဘဲ အပြီးရောင်းချမှုကိုသာ ရည်မှန်းထားပါတယ်။ လန်ဒန်ကလပ်ဟာ ဘာလိုဂန်အတွက် စျေးနှုန်း ပေါင် ၃၄ သန်းဝန်းကျင် သတ်မှတ်ထားပြီး အင်တာမီလန်အသင်းက လျှော့စျေးနဲ့ ညှိနှိုင်းရဖွယ်ရှိနေပါတယ်။

တိုက်စစ်မှူး ဒီဇီကိုသည် အင်တာမီလန်မှ တူရကီသို့ ထွက်ခွါမည်ဖြစ်သောကြောင့် အင်တာမီလန်အနေဖြင့် တိုက်စစ်မှူးအသစ် ရှာဖွေနေတာဖြစ်ပါတယ်။ ထို့အပြင် အော်စီလီယိုသည် လူကာကူ၏ အငှားစာချုပ်ကို သက်တမ်းတိုးရန်နှင့် ချဲလ်ဆီးနောက်ခံလူ ကူလီဘာလီကို ခေါ်ယူရန် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းကတော့ ဒီကစားသမားတွေကို စျေးပေါပေါနဲ့ ထုတ်ပစ်မှာမဟုတ်သလို ကစားသမားနှစ်ဦးစလုံးအတွက် ပေါင် ၁၃၃ သန်းလောက်လိုချင်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

ချဲလ်ဆီးအသင်းသည် အင်တာမီလန်ဂိုးသမား အန်ဒရီအိုနာနာကို ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း နည်းပြအင်ဇာဂီက အဆိုပါ ကစားသမားနှင့် လမ်းခွဲရန် ဆန္ဒမရှိပေ။ အင်တာမီလန်အပြင် ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အပါအဝင် အခြားစီးရီးအေ အသင်းတော်တော်များများကလည်း ဘာလိုဂမ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ လူကာကူက ချဲလ်ဆီးကို ပြန်မပြောင်းချင်သလို ဆန်စီရိုမှာ ဆက်နေချင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #အင်တာမီလန် #အပြောင်းအရွှေ့ #ဘာလိုဂမ်