ရှေ့သို့
Image

ကိုင်စီဒိုအတွက် ဂန်းနားတွေကို ခြေတစ်တစ်လှမ်း အသာရဖို့အရေး လက်နှေးဖို့မရှိတဲ့ ချဲလ်ဆီး

11:24 AM, 16 June

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့အတူ ၂၀၂၂-၂၃ ဘောလုံးရာသီအကြိုနဲ့ ကြားကာလအပြောင်းအရွှေ့ ဈေးကွက်အတွင်း ထိပ်တန်းကစားသမားအချို့ကို တန်းကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့ပေမဲ့ ရလဒ်ပိုင်းအားနည်းကာ ဥရောပဝင်ခွင်တွေနဲ့ လွဲချော်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းက ကစားသမားထပ်ခေါ်ရန် ပြင်ဆင်နေပြီး ကိုင်စီဒိုအတွက် ကြိုးပမ်းလာတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ရာသီတွင် နည်းပြ တူချယ်၊ နည်းပြ ပေါ့တာတို့အပါဝင် နည်းပြ အပြောင်းအလဲများစွာပြုလုပ်ခဲ့သလို ရလဒ်ပိုင်း သိသိသာသာ အားနည်းခဲ့ကာ ဥရောပ ဝင်ခွင့်နေရာအားလုံးနဲ့ လွဲချော်ခဲ့တာကြောင့် လာမယ့် ဘောလုံး ရာသီအတွက် ပြင်ဆင်မှု ထပ်မံပြုလုပ်လာရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းက ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းနဲ့ ဆန့်ကျင်ဘက် အနေအထားတွင် ရောက်နေခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေကိုပါ အကောင်းဆုံး သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားကာ ပုံစံကောင်းပြသထားနိုင်ခဲ့ပြီး ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ကိုင်စီဒိုက အထူးတလည် ခြေစွမ်းပြကစားကာ အဓိက အခန်းခဏ္ဍကနေ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ခေါ်ယူလိုနေတဲ့ ဘရိုက်တန် ကွင်းလယ်ကစားသမားအတွက် ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် လိဂ်အမှတ်ပေးဇယားကို အချိန်ကြာမြင့်စွာ ဦးဆောင် ကစားနိုင်ခဲ့တဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာကြောင့် ကလပ် နှစ်သင်းကြားမှာ အကြိတ်အနယ် ကစားသမားခေါ်ယူမှုကို ထပ်မံမြင်တွေ့ရလာနိုင်တာလည်း ဖြစ်ပါတယ်။

လန်ဒန်ကလပ်အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်လာတဲ့ ကိုင်စီဒိုအတွက် ဘရိုက်တန်အသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ်ဖြစ်တဲ့ ပေါင်သန်း ၁၂၀ တောင်းဆိုထားတာကြောင့် အပြောင်းအရွှေ့ကို အထမြောက်လာစေရန် ဘယ်ကလပ်အသင်းက စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်မှာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့ဘိုလီ #ပရီးမီးယားလိဂ် #ကိုင်စီဒို