ရှေ့သို့
Image

ဟိုဂျက်အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်လိုက်ပြီဖြစ်တဲ့ တော့တင်ဟမ်

2:13 PM, 15 June

ဒီနွေရာသီမှာ တော့တင်ဟမ်အနေဖြင့် ဟိုဂျက်အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်ဖို့ အဆင့်သင့်ဖြစ်နေပြီဖြစ်တယ်လို့ talkSPORTက ဖော်ပြထားပါတယ်။

ဆောက်သမ်တန်မှာ ခြေစွမ်းပြသခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဟာ ၂၀၂၀ ခုနှစ်မှာ တော့တင်ဟမ်သို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ဟိုဂျက်က ၃၅ ပွဲ ကစားခဲ့ပြီး ကွင်းလယ်မှာ သင့်တင့်တဲ့ ခြေစွမ်းမျိုးပြသခဲ့သူဖြစ်ပါတယ်။

သို့သော်လည်း နည်းပြသစ်ဖြစ်တဲ့ အန်ဂီပိုစ်တီကိုဂလူရဲ့လက်အောက်မှာ သူ့အတွက်ပွဲထွက်ခွင့်ရရှိဖို့ အာမခံချက်ကမရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြောက်လန်ဒန်ကလပ်ဟာ ဒိန်းမတ်နိုင်ငံသားအတွက် ကမ်းလှမ်းမှုကို စတင်လက်ခံတော့မှာဖြစ်ပါတယ်။

ကစားသမားဟာ လက်ရှိစာချုပ်တွင် ကလပ်နှင့် ၂ နှစ်သက်တမ်းကျန်ရှိနေသေးတာဖြစ်တာကြောင့် နွေရာသီမှာ အသင်းကနေထွက်ခွာဖို့က ဖြစ်နိုင်ချေရှိနေတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ အန်ဂီပိုစ်တီကိုဂလူရောက်လာခြင်းနဲ့အတူ လာမယ့်ရာသီမတိုင်ခင် အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားနေပြီဖြစ်ပါတယ်။

talkSPORT ရဲ့အဆိုအရ ဂိုးသမား ဒေးဗစ်ယာရာကလည်း ဘရန့်ဖို့ဒ်ကနေ တော့တင်ဟမ်သို့ ပြောင်းရွှေ့ဖို့ တွန်းအားပေးလုပ်နေပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့ လက်စတာက မက်ဒီဆင်ကိုလည်း ခေါ်ယူဖို့ တော့တင်ဟမ်က ဆွေးနွေးနေပါတယ်။

သတင်းတွေရဲ့အဆိုအရ ယူနိုက်တက်မှာ ခြေစွမ်းပိုင်းအရ ရုန်းကန်နေရတဲ့ ဆန်ချိုကိုလည်း ခေါ်ယူဖို့ တော့တင်ဟမ်က လုပ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် ၈ ဖြင့် ရာသီပိတ်သိမ်းခဲ့ပြီးနောက် တော့တင်ဟမ်အနေနဲ့ အသင်းကို တောင့်တင်းအောင်လုပ်တာကတော့ အံ့ဩစရာမရှိပါဘူး။ သူတို့ဟာ ဥရောပဝင်ခွင့်ကို ၁ မှတ်အလိုဖြင့် ပြုတ်ခဲ့တာဖြစ်ပြီး ထိပ်ဆုံး ၇ သင်းကသာ လာမယ့်ရာသီအတွက် သေချာမှုရှိတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ပရီးမီးယားလိဂ် #ဟိုဂျက်