ရှေ့သို့
Image

အင်တာကွင်းလယ်လူ ဘာရယ်လာကို ခေါ်ယူဖို့ အရှိန်မြှင့်လုပ်ဆောင်လာတဲ့ နယူးကာဆယ်

11:08 AM, 15 June

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ အင်တာမီလန်ကွင်းလယ်လူ ဘာရယ်လာကို ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် မာကာတိုသတင်းဌာနကတော့ နယူးကာဆယ်ဟာ ကစားသမားရဲ့အေးဂျင့်နဲ့ စကားမပြောရသေးဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

နယူးဘက်က ပေါင်သန်း ၅၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ အလိုရှိနေပေမယ့် အင်တာက အခုထက်ပိုလိုချင်နေတယ်လို့ သိရပါတယ်။ ဘာရယ်လာဟာ အင်တာကို ပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့တာဖြစ်ပြီး ကွင်းလယ်အတွင်းပိုင်းမှာ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရာသီမှာ အင်တာအတွက် လိဂ်ပွဲ ၃၅ ပွဲမှာ ၆ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အင်တာအတွက် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ဘာရယ်လာက အင်တာကို အီတလီဖလား နဲ့ စူပါဖလားရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အင်ဇာဂီရဲ့အသင်းအတွက် သူဟာ မရှိမဖြစ်ကစားသမားဖြစ်ပြီး တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ၂ ကြိမ်ဆက် ရရှိထားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့်လည်း နယူးကာဆယ်ဟာ အပြောင်းအရွှေ့မှာ အသုံးစရိတ်ကန့်သတ်ချက်ရှိနေတယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးစည်းမျည်းကြောင့် နယူးကာဆယ်ဟာ အခုနွေရာသီမှာ ပေါင် ၇၅ သန်းသာ အသုံးပြုရနိုင်တယ်လို့ သိရပါတယ်။ နယူးကာဆယ်ကတော့ ကွင်းလယ်ပိုင်းအတွက် ဘာရယ်လာအပြင် လက်စတာစတား မက်ဒီဆင်ကိုပါ ခေါ်ယူချင်နေပါတယ်။ လက်စတာဘက်ကတော့ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပေမယ့် မက်ဒီဆင်အတွက် ပေါင်သန်း ၆၀ လောက်အလိုရှိနေပါတယ်။

နယူးဘက်မှာ ငွေကြေးအသုံးကန့်ထားခံရတာကြောင့် မက်ဒီဆင်ရဲ့တန်ကြေးကို လျော့ချချင်နေပါတယ်။ နယူးကာဆယ်နည်းပြ ဟိုဝီကတော့ လာမယ့်ရာသီမှာ ထိပ်တန်းကွင်းလယ်လူ ၂ ဦးခေါ်ယူချင်နေပါတယ်။

#နယူးကာဆယ် #အင်တာမီလန် #အပြောင်းအရွှေ့ #ဘာရယ်လာ