ရှေ့သို့
Image

ဗလာဟိုဗစ် နေရာမှာ ဘာလိုဂမ်နဲ့ အစားထိုးဖို့ ပြင်ဆင်လာတဲ့ ဂျူဗင်တပ်စ်

12:29 PM, 14 June

ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ဗလာဟိုဗစ်နေရာမှာ အာဆင်နယ်တိုက်စစ်မှူး ဘာလိုဂမ်နဲ့ အစားထိုးချင်နေပါတယ်။ ဗလာဟိုဗစ်ဟာ နွေရာသီမှာ အသင်းပြောင်းဖို့များနေပြီး ဂျူဗင်တပ်စ်က သူ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ ဘာလိုဂမ်ကို စတင်ချိတ်ဆက်နေပြီး အာဆင်နယ်နဲ့ စာချုပ်သက်တမ်းက ၂၀၂၅ အထိ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဘာလိုဂမ်က အသင်းကနေ ထွက်ခွာချင်နေပါတယ်။ လီဂူးဝမ်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် အသင်းတော်တော်များများက အလိုရှိနေပါတယ်။

ဘာလိုဂမ်ဟာ အင်္ဂလန်နဲ့ အမေရိကန်အသင်း ရွေးချယ်မှုမှာ အမေရိကန်နိုင်ငံမှာကန်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကလည်း သင့်တော်တဲ့ တန်ကြေးတစ်ရပ်ရရင် သူတို့စတားကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

#အာဆင်နယ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဘာလိုဂမ်