ရှေ့သို့
Image

ဘာစီလိုနာမှာ ၃လ ကစားရတာက ဆယ်စုနှစ်တစ်ခုစာလောက် ကစားခွင့်ရလိုက်သလိုပဲလို့ ဆိုတဲ့ မန်စီးတီး ဂန္ဓဝင်အဂူရို

3:31 PM, 13 June

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းသာမက ချန်ပီယံလိဂ်၊ အက်ဖေအေဖလားပြိုင်ပွဲတွေမှာပါ ပူပူနွေးနွေး ထရီဘယ်ချန်ပီယံဖြစ်ထားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ဂန္ဓဝင်ကစားသမား ဆာဂျီယိုအဂူရိုက မန်စီးတီးအသင်းမှထွက်ကာ လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာ အသင်းမှာ ၃လကြာ သွားရောက်ကစားခဲ့ရတာက ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ရသည့်အလား ခံစားရစေကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကြီးတွေအတွက် သတိထားထိန်းချုပ်ရတတ်လေ့ရှိတဲ့ အဂူရို အနေဖြင့် အက်သက်လက်တီကိုမက်ဒရစ် အသင်းကနေ မန်ချက်စတာမြေကို ပြောင်းရွှေ့ကစားလာခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာအကြာ အနားမယူခင် ၂၀၂၁-၂၂ ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။ မက်ဒိုဒီပို့တီပို့ သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဂျင်တီးနားကြယ်ပွင့်အနေဖြင့် ကတ္တလန်ကလပ်မှာ ကစားခဲ့ရတာက ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းတွင် ကစားခွင့်ရခဲ့တာက ကောင်းမွန်တဲ့ ခံစားချက် ပိုင်ဆိုင်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အဂူရိုက“ဘာစီလိုနာမှာ ကျွန်တော် ၃လသာ ကစားခဲ့ရပေမဲ့ ၁၀ နှစ်လောက် ကစားခဲ့ရတဲ့ အတိုင်း ခံစားရပါတယ်။ ရင်းနှီးကျွမ်းဝင်နေသလိုမျိုး ခံစားရပါတယ်။ ဘာစီလိုနာပရိသတ်တွေက ပေးတဲ့ ခံစားချက်မျိုးကို တခြားဘယ်အသင်းမှာမှ မရခဲ့ဖူးတာပါ” “ကျွန်တော်ကလည်း လီယွန်နယ်မက်ဆီ ကစားခဲ့တဲ့ ဘာစီလိုနာမှာ လာကစားပြီး နိုင်ပွဲတွေ ရယူချင်ခဲ့တာပါ” “ဘာစီလိုနာမှာက ကလေးပေါက်စ ကလေးတွေကအစ အသက် ၈၅၊ ၉၀တန်း လူကြီးတွေကပါ တစ်ခဲနက်အားပေးနေကြတာပါ။ ကျွန်တော့်အတွက် တကယ်ကို အံ့မခမ်းဖြစ်ခဲ့ရပါတယ်။ ဒါက ကလပ်အပေါ် သူတို့ရဲ့ အလေးထားမှုပါပဲ” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #မန်စီးတီး #အဂူရို