ရှေ့သို့
Image

ငွေကြေးမြောက်များစွာဖြင့် ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ မော်ရင်ဟို

2:06 PM, 13 June

ပေါ်တူဂီနိုင်ငံသားနည်းပြဟာ ရိုးမားနှင့် စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂ ရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ပြီးနောက် ရိုးမားကနေ ထွက်ခွာနိုင်ပါတယ်ဆိုတဲ့ ကောလာဟလတွေက ဆက်တိုက်ထွက်ပေါ်လျက်ရှိပါတယ်။ ဆော်ဒီကလပ်ဖြစ်တဲ့ အယ်လ်ဟီလယ်ဟာ မော်ရင်ဟိုကို အသင်းရဲ့နည်းပြအဖြစ်ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်လို့ Foot Marcatoက ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ဖို့အတွက် မက်မောဖွယ် များပြားတဲ့ငွေကြေးဖြင့် ကမ်းလှမ်းဖို့ အဆိုပါကလပ်က အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ သူတို့တွေက အသက် ၆၀ အရွယ် မော်ရင်ဟိုအတွက် အပြောင်းအရွှေ့မှာ အသုံးပြုဖို့ များပြားတဲ့ငွေကြေးကိုလည်း ပေးဖို့ရှိနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာ အယ်လ်အာလီနှင့်လည်း ဆက်သွယ်မှုတွေ ရှိနေခဲ့ကာ ဒီတစ်ပတ် လန်ဒန်မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရှိရပါတယ်။ ရိုးမားအနေနဲ့ မော်ရင်ဟိုကို ထိန်းထားချင်သော်လည်း ထွက်ခွာဖို့ အလားအလာရှိနေတာကြောင့် ဖြစ်နိုင်တဲ့ နည်းပြစာရင်းအတွက် ရှာဖွေနေရပြီဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်မှာ ဒီနွေရာသီမှာ ကမ္ဘာ့နာမည်ကြီး ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ရော်နယ်ဒိုကို အယ်လ်နာဆာက ခေါ်ယူခဲ့သလို သူ့ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းဖြစ်တဲ့ ဘန်ဇီးမားကလည်း အယ်လ်အစ်သီဟက်သို့ ပြောင်းလာခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးက ကန်တီကလည်း ငွေကြေးများစွာဖြင့် ဆော်ဒီက အယ်လ်အစ်သီဟက်သို့ ပြောင်းရွှေ့ဖို့ ရှိနေပြီဖြစ်ပါတယ်။ အယ်လ်အာလီကလည်း မန်စီးတီးစတားဖြစ်တဲ့ မာရက်ဇ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောထားပါတယ်။

မော်ရင်ဟိုဟာ ဆော်ဒီသို့ပြောင်းလာခဲ့ပါက နေမာနှင့်တောင် လက်တွဲပြီး အလုပ်လုပ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့သွားတဲ့ မက်ဆီကို ဆုံးရှုံးခဲ့ရပြီးနောက် ဘရာဇီးနိုင်ငံသားကို အယ်လ်ဟီလယ်က ဒီနွေရာသီမှာ ခေါ်ယူနိုင်ရေး ပစ်မှတ်ထားနေပါတယ်။

အယ်လ်ဟီလယ်ရဲ့ ကိုယ်စားလှယ်တွေဟာ သောကြာနေ့က ပဲရစ်သို့ သွားရောက်ခဲ့တယ်လို့ သိရှိရပြီး နေမာရဲ့စာချုပ်အတွက် ဆွေးနွေးတယ်လို့ မျှော်လင့်ရပါတယ်။

#ရိုးမား #အပြောင်းအရွှေ့ #မော်ရင်ဟို #ဆော်ဒီ