ရှေ့သို့
Image

ကိုင်ဆီဒိုကို အာတီတာက အလိုရှိနေတယ်လို့ ရောဘတ်ပီရက်ဇ် ပြောကြား

1:18 PM, 13 June

အာဆင်နယ်ဂန္ထဝင်ဟောင်း ရောဘတ်ပီရက်ဇ်က အသင်းဟောင်းအနေနဲ့ အခုနွေရာသီမှာ ကိုင်ဆီဒိုကို ကြီးမားတဲ့ငွေကြေးပေးခေါ်ယူနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပြင်သစ်တောင်ပံကစားသမားဟောင်းကတော့ အာတီတာကိုယ်တိုင်ကလည်း ကိုင်ဆီဒိုကို အလိုရှိနေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပီရက်ဇ်က အီကွေဒေါသားဟာ အာဆင်နယ်အသင်းရဲ့ကစားကွက်မှာ အံဝင်နိုင်တယ်လို့ ဆိုပါတယ်။

“အာဆင်နယ်အနေနဲ့ သူ့ကို ခေါ်ယူလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အာတီတာက သူ့ကိုလိုချင်နေပါတယ်။ ပြီးတော့ အာဆင်နယ်မှာ သူအများကြီးအောင်မြင်နိုင်ပါတယ်။ အသင်းဘက်ကလည်း ကြီးမားတဲ့ ငွေကြေးတစ်ရပ်ပေးဖို့ အလိုရှိနေပါတယ်။ ဒါက သူ့အရည်အချင်းကို စမ်းသပ်မှုဖြစ်နိုင်ပါတယ်”လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အသက် ၂၁ နှစ်သားကို ဇန်နဝါရီတုန်းက ဘရိုက်တန်ဆီကနေ ခေါ်ယူဖို့ ၂ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ အာဆင်နယ်အနေနဲ့ ကိုင်ဆီဒိုကို ချဲလ်ဆီး ၊ ယူနိုက်တက်တို့နဲ့ အပြိုင် ခေါ်ယူရဖို့ များနေပါတယ်။

အသင်းတော်တော်များများက စိတ်ဝင်စားနေတာကြောင့် ဘရိုက်တန်ဟာ သူတို့စတားကို ပေါင်သန်း ၈၀ လောက်အလိုရှိနေပါတယ်။

#အာတီတာ #အာဆင်နယ် #ပီရက်ဇ် #ပရီးမီးယားလိဂ် #ကိုင်ဆီဒို